Connect with us

Hi, what are you looking for?

သတင်း

လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်

အထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ၊ အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်းမပြုရန် ထပ်လောင်းပြောဆိုသည်။

လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်
လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်

▪️နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံး တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဟုဆို

▪️ကျောင်းများ၊ ဆေးရုံများကို တိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီမှ ပြစ်တင်ကန့်ကွက်ထားသည့် ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက် မှုခြောက်ခုထဲတွင် တစ်ခုပါဝင်

မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော ကလေးငယ် ၁၁ ဦးအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရမှုအပေါ် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

အထွေထွေအတွင်းရေးမှူးချုပ်သည် ထိခိုက်သေဆုံးခဲ့ရသူ မိသားစုများနှင့်ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲရသည်ဟု ဖော်ပြသည်။

လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်
လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံး တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဟု ကုလအတွင်းရေးမှူးချုပ်က ထုတ်ပြန်သည်။

ကျောင်းသားကလေးငယ်များ သတ်ဖြတ်ခံရသည့်အပေါ် UNICEF နှင့် Save The Children တို့က ကျူးလွန်သူ မြန်မာစစ်တပ်ကို အမည်တပ်ဖော်ပြခြင်းမရှိခဲ့ဘဲ ယမန်နေ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်ဟု အမည်တပ်ကန့်ကွက်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်
လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်

လက်နက်ကိုင်ပဋိပက္ခအချိန်များတွင်ပင် ကျောင်းများသည် ကလေးငယ်များအတွက် အကာအကွယ် ပေးနိုင်ပြီး သင်ယူလေ့လာရန် ဘေးကင်းလုံခြုံသော နေရာများအဖြစ် ရှိနေရမည်ဖြစ်ပြီး စစ်ပွဲများအတွင်း ကျောင်းများနှင့် ဆေးရုံများအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများနှင့် ဆန့်ကျင်ကာ တိုက်ခိုက်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ပြစ်တင်ကန့်ကွက်ထားသည့် ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက်မှုခြောက်ခုထဲတွင် တစ်ခုပါဝင်သည်ဟု ထုတ်ပြန်သည်။

အထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ၊ အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်းမပြုရန် ထပ်လောင်းပြောဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။