Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်​ကော်အ​မြောက်တပ်မှပစ်ခတ်​သော၁၂၀မမကျည်နှစ်လုံးမိုးဗြဲတွင်တပ်စွဲထား​သောစစ်​ကောင်စီတပ်ကိုတည့်တည့်ထိ

စစ်ရေးအခြေအနေမှာဆက်လက်တင်းမာနေသဖြင့် မိုးဗြဲ မြို့တွင်းအသွားအလာလုံးဝ မပြုလုပ်ရန်လည်း မိုးဗြဲPDF က တိုက်တွန်းသည်။

(မိုးဗြဲမြို့တိုက်ပွဲတွင်တိုက်ပွဲဝင်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MBPDF)
(မိုးဗြဲမြို့တိုက်ပွဲတွင်တိုက်ပွဲဝင်​နေ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-MBPDF)

လွိုင်ကော်အမြောက်တပ်မှပစ်ခတ်သည့် ၁၂၀ မမလက်နက်ကြီးကျည်နှစ်ချက်မှာ မိုးဗြဲ မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ထံ တည့်မတ်စွာကျရောက်ခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများ ပြားကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF က ထုတ်ပြန် သည်။

ယမန်နေ့(စက်တင်ဘာ ၂၂ ရက်) ညနေ ၂ နာရီခန့်ကစ၍ည​နေ ၆ နာရီအထိ မိုးဗြဲ မြို့ တိုက်ပွဲမှာ အပြင်းအထန်ဆက်လက်ဖြစ်ပွားခဲ့သည်။

မဟာမိတ်တပ်ပေါင်းစုများ၏ စနိုက်ပါလက် ချက်ဖြင့် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး နောက် စစ်ကောင်စီဘက်က တာဝေးပစ်လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

ထိုသို့ ပစ်ခတ်မှုအနက် လွိုင်ကော်မြို့ အမြောက် တပ်မှ ပစ်ခတ်သည့် ၁၂၀ မမ များထဲမှ ပစ်ချက် နှစ်ခုသည် မိုးဗြဲ စက်တော်ရာတောင်ပေါ်တွင်တပ်စွဲထားသောစစ်ကောင်စီတပ်နေရာပေါ်သို့ တည့်တည့်မတ်မတ်ကျရောက်ခဲ့ရာထိခိုက်သေဆုံးမှုမြောက်များစွာရှိသည်ကို MBPDF က အတည်ပြုနိုင်ခဲ့သည်ဟုအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲ ဖြစ်ပြီဆိုရင် လက်နက်ကြီးပစ်ကူပေးနေတာလွိုင်ကော်မှာက ခလရ ၂၅၀ အမြောက် တပ်။ပြီးတော့ ဒီးမော့ဆိုမှာကမနေ့ကလက်နက်တိုက်မီးလောင်သွားရတဲ့ ငွေတောင်အခြေစိုက် ၁၀၂ တပ်က အဓိကပဲ”ဟုကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့ကတိုက်ပွဲတွင်လည်း မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီ၏ ထိုးစစ်ကို ဆက်လက်ခုခံနေကြောင်း အသိပေးသည်။

စစ်ရေးအခြေအနေမှာဆက်လက်တင်းမာနေသဖြင့် မိုးဗြဲ မြို့တွင်းအသွားအလာလုံးဝ မပြုလုပ်ရန်လည်း မိုးဗြဲPDF က တိုက်တွန်းသည်။

စစ်ကောင်စီ၏ မိုးဗြဲ မြို့ထိုးစစ်ကိုမိုးဗြဲ PDF နှင့်အတူ ဖယ်ခုံ PDF၊လွိုင်ကော် PDF၊အလယ်ပိုင်း တိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ နေပြည်တော် PDF၊ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF ၊KGZ နှင့် URF တို့ ပူးပေါင်းခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရ အရေးပါသော နယ်မြေတစ်ခုဖြစ်သည့် မိုးဗြဲမြို့ကို ထိန်းချုပ်ရန်အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာ ၈ ရက်ကစ၍စစ်ကြောင်းထိုးခဲ့သည်။သို့သော် ကရင်နီတပ်ပေါင်းတပ်၏ခုခံစစ်ကြောင့် စစ်ကောင်စီတပ်က အထိနာ၍ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ထို့နောက် စက်တင်ဘာ ၁၅ ရက်ကစ၍ တကျော့ ပြန်စစ်ကြောင်းထိုးကာ တင့်ကားများနှင့် တာဝေးပစ်လက်နက်ကြီးများပါ စစ်ကောင်စီတပ်က ယူဆောင်လာ၍ထပ်မံထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲမှာ ပိုမိုပြင်းထန်နေခြင်းဖြစ်သည်။

နှစ်ပတ်တာ တိုက်ပွဲတွင် ကရင်နီတပ်ပေါင်းစုမှ ရဲဘော်လေးဦးကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်က ၆၀ ဦး​ကျော် သေဆုံးထားပြီး လက်နက်ခဲယမ်းများကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။