Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများစွာရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

(မိုးဗြဲ PDFမှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(မိုးဗြဲ PDFမှ ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

စစ်ကောင်စီတပ်က တင့်ကားများကိုပါ အသုံးပြုတိုက်ခိုက်နေဟုဆို

မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေ ဆုံးမှုများရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(စက်တင်ဘာ ၂၁ ရက်) ထုတ်ပြန်သည်။

ယခုလ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင် မိုးဗြဲမြို့အတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းအထူးစစ် ဆင်ရေးတပ်ဖွဲ့၊ DMO 1107 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ နှင့် URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများစွာရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

Public Service Announcement
Public Service Announcement

ရှမ်း – ကယားနယ်စပ် မိုးဗြဲမြို့မှာ ကရင်နီဒေသအတွက် စစ်ရေးအရ အရေးပါနေသောကြောင့် စစ်ကောင်စီဘက်က အရပ်သုံးမျက်နှာဖြင့် တာဝေးပစ်လက်နက်ကြီးများ နှင့် တင့်ကားများဖြင့် အဆမတန်လွန်စွာပစ်ကူပေးနေကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ လွိုင်ကော်၊ဒီးမော့ဆို၊ နောက်ပြီး မိုးဗြဲ အထိုင်တပ် (၄၂၂) တပ်ကနေပြီး လက်နက် ကြီး ပစ်ကူပေးနေတာ။အခုတစ်ခေါက် တိုက်ပွဲမှာက တင့်ကားတွေပါ စခတွေ ထုတ်သုံးနေတယ်”ဟု မိုးဗြဲ မြို့စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိ နှစ်ရက်တာ တိုက်ပွဲ၌ ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိခဲ့ပေ။ သို့သော် အင်အားအလုံးအရင်းဖြင့် မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေသောကြောင့် မဟာမိတ်တပ်ပေါင်းစုများသည် အကောင်းဆုံးခုခံတွန်းလှန်နေကြောင်း ဖော်ပြသည်။

စက်တင်ဘာ ၁၉ ရက်က မိုးဗြဲ ဒေသခံများအနက် ဓားစာခံလူသားဒိုင်းအဖြစ်အသုံးပြုခဲ့သော အပြစ်မဲ့ပြည်သူ ၁၀၀ ဦးခန့်အနက်မှ အချို့မှာ ပြန်လည်လွတ်မြောက်လာပြီး အချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေထိုင်ပေးကြပါရန်နှင့် ခရီး သွားပြည်သူများအနေဖြင့် မိုးဗြဲလမ်းကိုအသုံးမပြုကြသေးရန် MBPDF က တိုက်တွန်းသည်။

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရ အရေးပါသော နယ်မြေတစ်ခုဖြစ်သည့် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် အကြမ်းဖက်စစ်ကောင်စီတပ်က ယခုလ ၈ ရက်ကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

သို့သော် ကရင်နီတပ်ပေါင်းစု၏ ခုခံစစ်ကြောင့် စစ်ကောင်စီတပ်က အထိနာ၍ ပြန်လည်ဆုတ်ခွာ ခဲ့ရသည်။

ထို့နောက် စက်တင်ဘာ ၁၅ ရက်ကစ၍ တကျော့ ပြန်စစ်ကြောင်းထိုးကာ တင့်ကားများနှင့် တာဝေးပစ်လက်နက်ကြီးများပါ စစ်ကောင်စီတပ်က ယူဆောင်လာခဲ့ကာ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနေခြင်းဖြစ်သည်။

နှစ်ပတ်တာ တိုက်ပွဲတွင် ကရင်နီတပ်ပေါင်းစုမှ ရဲဘော်လေးဦးကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်က ၆၀ ဦးထက်မနည်း သေဆုံးထားပြီး လက်နက်ခဲယမ်းများကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။