Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စခန်းများကို KNU တပ်မဟာ(၅) ဆက်လက်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုရှိ

စက်တင်ဘာ ၂၂ရက် နှင့် ၂၁ရက်နှင့် ၂၀ရက်နေ့များ၌ ဖာပွန်ခရိုင်အတွင်း တိုက်ပွဲသတင်းနှင့် စစ်ရေးအခြေအနေများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(KNLAတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNU)
(KNLAတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNU)

▪︎ရဟတ်ယာဉ်ဖြင့် ချပေးသည့် ရိက္ခာပစ္စည်းထွက်ယူသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၁ဦးသေ

▪︎BGF တပ်အင်အား ၁၀၀ ကျော် တပ်မဟာ(၅)နယ်မြေသို့ ဝင်ရောက်လာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှု ရှိခဲ့ကြောင်းတပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၂ရက် နှင့် ၂၁ရက်နှင့် ၂၀ရက်နေ့များ၌ ဖာပွန်ခရိုင်အတွင်း တိုက်ပွဲသတင်းနှင့် စစ်ရေးအခြေအနေများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၂ရက်တွင် စစ်ကောင်စီ၏ လယ်တိုး အခြေစိုက် စခန်းအား ခြုံခို ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ၁ဦးသေဆုံးခဲ့သည်ဟုဖော်ပြသည်။

စက်တင်ဘာ ၂၁ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၂စီးသည် မဲဝဲစခန်းသို့ စစ်သုံးပစ္စည်းများ လာရောက်ပို့ဆောင်စဉ် အရှေ့တစ်စီးက ဗုံးသီး ၅လုံး ပစ်ခတ်ကာ ကျန် တစ်စီးက ပစ္စည်း အထုပ်ကြီး တစ်ထုပ် ပစ်ချခဲ့ရာ စခန်းအပြင်ဘက်တွင် ကျရောက်ခဲ့ကြောင်း၊ ယင်းပစ္စည်းထုပ်ကို စခန်းရှိ တပ်သားများက လာရောက်ယူဆောင်ချိန် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦး သေဆုံး ခဲ့သည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းတွင် မထောရွာရှိ စစ်ကောင်စီတပ်က မဲဝိုင်ရွာဘက်သို့ လက်နက်ကြီး ၂ကြိမ် ပစ်ခတ်ခဲ့ရာဒေသခံများထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားသည်။

တပ်မဟာ(၅) တပ်ဖွဲ့ဝင်များအနေဖြင့် ဖာပွန်မြို့အနီးရှိ ထူးမောဒဲရွာတံတာအနီးရှိ စစ်ကောင်စီတပ်ကို ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းနေ့၌ပင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခန့်က အုန်းတော လှေဆိပ်မှ တစ်ဆင့် တပ်မဟာ(၅)နယ်မြေအတွင်း ဝင်ရောက်လာသည်ဟု ဖော်ပြထားသည်။

စက်တင်ဘာ ၂၀ရက် တွင်လည်း စစ်ကောင်စီတပ်စွဲရာနေရာ၂နေရာကို တပ်မဟာ(၅)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေ၊ ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

KNU တပ်မဟာ(၅) ဖာပွန်ခရိုင်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။