Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်စခန်းများကို KNU တပ်မဟာ(၅) ဆက်လက်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုရှိ

စက်တင်ဘာ ၂၂ရက် နှင့် ၂၁ရက်နှင့် ၂၀ရက်နေ့များ၌ ဖာပွန်ခရိုင်အတွင်း တိုက်ပွဲသတင်းနှင့် စစ်ရေးအခြေအနေများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(KNLAတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNU)
(KNLAတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNU)

▪︎ရဟတ်ယာဉ်ဖြင့် ချပေးသည့် ရိက္ခာပစ္စည်းထွက်ယူသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၁ဦးသေ

▪︎BGF တပ်အင်အား ၁၀၀ ကျော် တပ်မဟာ(၅)နယ်မြေသို့ ဝင်ရောက်လာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှု ရှိခဲ့ကြောင်းတပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၂ရက် နှင့် ၂၁ရက်နှင့် ၂၀ရက်နေ့များ၌ ဖာပွန်ခရိုင်အတွင်း တိုက်ပွဲသတင်းနှင့် စစ်ရေးအခြေအနေများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၂ရက်တွင် စစ်ကောင်စီ၏ လယ်တိုး အခြေစိုက် စခန်းအား ခြုံခို ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ၁ဦးသေဆုံးခဲ့သည်ဟုဖော်ပြသည်။

စက်တင်ဘာ ၂၁ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၂စီးသည် မဲဝဲစခန်းသို့ စစ်သုံးပစ္စည်းများ လာရောက်ပို့ဆောင်စဉ် အရှေ့တစ်စီးက ဗုံးသီး ၅လုံး ပစ်ခတ်ကာ ကျန် တစ်စီးက ပစ္စည်း အထုပ်ကြီး တစ်ထုပ် ပစ်ချခဲ့ရာ စခန်းအပြင်ဘက်တွင် ကျရောက်ခဲ့ကြောင်း၊ ယင်းပစ္စည်းထုပ်ကို စခန်းရှိ တပ်သားများက လာရောက်ယူဆောင်ချိန် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦး သေဆုံး ခဲ့သည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

တစ်ချိန်တည်းတွင် မထောရွာရှိ စစ်ကောင်စီတပ်က မဲဝိုင်ရွာဘက်သို့ လက်နက်ကြီး ၂ကြိမ် ပစ်ခတ်ခဲ့ရာဒေသခံများထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားသည်။

တပ်မဟာ(၅) တပ်ဖွဲ့ဝင်များအနေဖြင့် ဖာပွန်မြို့အနီးရှိ ထူးမောဒဲရွာတံတာအနီးရှိ စစ်ကောင်စီတပ်ကို ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းနေ့၌ပင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခန့်က အုန်းတော လှေဆိပ်မှ တစ်ဆင့် တပ်မဟာ(၅)နယ်မြေအတွင်း ဝင်ရောက်လာသည်ဟု ဖော်ပြထားသည်။

စက်တင်ဘာ ၂၀ရက် တွင်လည်း စစ်ကောင်စီတပ်စွဲရာနေရာ၂နေရာကို တပ်မဟာ(၅)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေ၊ ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

KNU တပ်မဟာ(၅) ဖာပွန်ခရိုင်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။