Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့ နယ်(KPDF)က ပြည်သူများ လိုက်နာရမည့်အချက်များ ထုတ်ပြန်

“အထက်ပါစည်းကမ်းချက်များသည် အာဏာလုစစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းရေးနှင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)လုပ်ငန်းစဥ်များအတွက် အလွန်အရေးပါပါသည်”ဟု ဖော်ပြသည်။

KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - KPDF
KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - KPDF

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထိန်းချုပ် နယ်မြေတစ်ခုဖြစ်သော ပုလောမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စစ်တပ်ထုတ်ကုန်များ ဝင်ရောက်မလာစေရေး တားဆီးစစ်ဆေးမည်ဖြစ်သောကြောင့် ပြည်သူများလိုက်နာရမည့်စည်း ကမ်းချက်များကို ပုလော(KPDF)က ထုတ်ပြန်လိုက်သည်။

ပြည်သူများလိုက်နာရမည့်အချက်များတွင် KPDF တပ်ဖွဲ့ဝင်များ၏ ကြပ်မတ်စစ်ဆေးမှုများကို မည်သည့်အဖွဲ့အစည်းမဆို ပူးပေါင်းပါဝင်ရန်၊ ယာဥ်များကို အရှိန်လျှော့မောင်းနှင်ရန်၊ ကားတံခါးပေါက်များကို မှန်ချထားရန်နှင့် တင်ဆောင် လာသည့်ကုန်ပစ္စည်းနှင့် ခရီးသည်များအား အဝေးမှမြင်သာစေရန် စီမံထားရန်တို့ ပါဝင်သည်။

KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - KPDF
KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ – KPDF

“အထက်ပါစည်းကမ်းချက်များသည် အာဏာလုစစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းရေးနှင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)လုပ်ငန်းစဥ်များအတွက် အလွန်အရေးပါပါသည်”ဟု ဖော်ပြသည်။

KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - KPDF
KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ – KPDF

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် KPDF မှ ထုတ်ပြန်သောစည်းကမ်းချက်များကို သဘောတူကြည်ဖြူစွာလက်ခံမည်ဟု ယုံကြည်ပြီး အကယ်၍ လိုက်နာရန်ပျက်ကွက်ပါက ပျက်ကွက် သူ၏တာဝန်သာဖြစ်ကြောင်း အသိပေးထား သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြို့လှမြို့ သည် ​ရွှေကူမြို့နယ်အတွင်းတည်ရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ ၊ ၂၀၁၄ သန်း​ခေါင်စာရင်းအရ လူဦး​ရေ ၄၀၀၀ ​ကျော်ရှိသည်။

သတင်း

ကရင်ပြည်နယ်တွင် လောင်းကစားမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး KNU အနေဖြင့် လုံး၀ ပတ်သက်မှု မရှိကြောင်း KNUက ၂၀၂၃ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

သတင်း

ဇန်နဝါရီ ၂၀ ရက် ညနေ ၃နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် ဂိတ်စခန်းချထားသော စစ်ကောင်စီတပ်၏ နန်တောင်စစ်ဆေးရေးဂိတ်ကို KNDO၊ PRDF၊ PPDF၊ ပုလောစစ်ကြောင်း (၁) ဗိုလ် မိုးကြိုးအဖွဲ့တို့ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

KIA တပ်မဟာ(၈)လက်အောက်ခံအမှတ်(၅)တပ်ရင်း၊ မြို့လှK-PDF နှင့် ဟိုပင်K-PDF တပ်ရင်းတို့ပူးပေါင်းပြီး တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၀)အထိုင်ချသည့် တပ်စခန်းအား ဒီဇင်ဘာလလ ၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။