Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့ နယ်(KPDF)က ပြည်သူများ လိုက်နာရမည့်အချက်များ ထုတ်ပြန်

“အထက်ပါစည်းကမ်းချက်များသည် အာဏာလုစစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းရေးနှင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)လုပ်ငန်းစဥ်များအတွက် အလွန်အရေးပါပါသည်”ဟု ဖော်ပြသည်။

KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - KPDF
KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - KPDF

ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထိန်းချုပ် နယ်မြေတစ်ခုဖြစ်သော ပုလောမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စစ်တပ်ထုတ်ကုန်များ ဝင်ရောက်မလာစေရေး တားဆီးစစ်ဆေးမည်ဖြစ်သောကြောင့် ပြည်သူများလိုက်နာရမည့်စည်း ကမ်းချက်များကို ပုလော(KPDF)က ထုတ်ပြန်လိုက်သည်။

ပြည်သူများလိုက်နာရမည့်အချက်များတွင် KPDF တပ်ဖွဲ့ဝင်များ၏ ကြပ်မတ်စစ်ဆေးမှုများကို မည်သည့်အဖွဲ့အစည်းမဆို ပူးပေါင်းပါဝင်ရန်၊ ယာဥ်များကို အရှိန်လျှော့မောင်းနှင်ရန်၊ ကားတံခါးပေါက်များကို မှန်ချထားရန်နှင့် တင်ဆောင် လာသည့်ကုန်ပစ္စည်းနှင့် ခရီးသည်များအား အဝေးမှမြင်သာစေရန် စီမံထားရန်တို့ ပါဝင်သည်။

KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - KPDF
KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ – KPDF

“အထက်ပါစည်းကမ်းချက်များသည် အာဏာလုစစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းရေးနှင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)လုပ်ငန်းစဥ်များအတွက် အလွန်အရေးပါပါသည်”ဟု ဖော်ပြသည်။

KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ - KPDF
KPDF ရဲဘော်များ​၏ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ – KPDF

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် KPDF မှ ထုတ်ပြန်သောစည်းကမ်းချက်များကို သဘောတူကြည်ဖြူစွာလက်ခံမည်ဟု ယုံကြည်ပြီး အကယ်၍ လိုက်နာရန်ပျက်ကွက်ပါက ပျက်ကွက် သူ၏တာဝန်သာဖြစ်ကြောင်း အသိပေးထား သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

Facebook