Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

အဆိုပါ ဗိုလ်မှူးကို ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက်တွင် သေနတ်တစ်လက် ၊ ဆက်သွယ်ရေးစက် ၆လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း PVTVက ဖော်ပြထားသည်။

KNU တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ
KNU တပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကြာအင်းဆိပ်ကြီး(KNU နို့တကော) မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သတင်းပြန်ကြားရေးဌာန PVTVကလည်း သတင်းဖော်ပြထားသည်။

ဖမ်းဆီးရမိသူမှာ တနင်္သာရီတိုင်း မြိတ်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း တစ်ခုဖြစ်သည့် ခမရ (၅၅၆)မှ ဗိုလ်မှူးဝင်းမင်းခန့် ဖြစ်ပြီး မော်လမြိုင် အခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (၉၀၄)မှ သေ့ဘော့ဘိုးဘက်သို့ အင်အားဖြည့်ရန်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခလရ (၂၈၃)သို့ ယခု (စက်တင်ဘာ ၂၃ရက်)တွင် ရောက်ရှိလာသူဖြစ်သည် ဟု ဆိုသည်။

အဆိုပါ ဗိုလ်မှူးကို ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက်တွင် သေနတ်တစ်လက် ၊ ဆက်သွယ်ရေးစက် ၆လုံးနှင့်အတူ ဖမ်းမိခဲ့ကြောင်း PVTVက ဖော်ပြထားသည်။

ဗိုလ်မှူးဝင်းမင်းခန့်သည် ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ(၃၂)သို့ ဆက်သွယ်ရေးစက်များ သွားရောက်ပို့ဆောင်ချိန်တွင် KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်၌ စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KNU တပ်မဟာ (၆)နယ်မြေရှိ သတင်းရင်းမြစ်တစ်ဦးက ဗိုလ်မှူးတစ်ဦးအား ဖမ်းမိသည့် သတင်းကို KNU တာဝန်ရှိသူထံမှ ကြားသိရသော်လည်း အသေးစိတ်ဖြစ်စဉ်ကို မသိရသေးဟု ဆိုသည်။

“ကြာအင်ဆိပ်ကြီးက KNU ဆိုရင် နို့တကောမြို့နယ် လို့ ပြောလို့ရတယ်။ အဲဒီအနီးအနားတဝိုက်မှာ KNLA တပ်ရင်း (၁၇)တပ်ရင်းတွေရှိတယ်။ တပ်ရင်း (၁၇)ဂွင်ထဲမှာ ဖမ်းမိတာဖြစ်နိုင်တာပေါ့”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း(၁၈)သည် စစ်ကောင်စီ၏ ကျိတ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများလည်း ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။