Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ဘုရားတောင် တပ်စခန်းနှင့် စောထ တပ်စခန်းတို့ကို KNU သိမ်းပိုက်

စက်တင်ဘာ ၂၈ရက် နံနက်ပိုင်းတွင် ကြာအင်ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ ဘုရားတောင် တပ်စခန်းကို KNLA တပ်ရင်း(၁၆)က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

KNLA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - အီးပီအေ
KNLA တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - အီးပီအေ

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြီး လက်နက်ခဲယမ်းများစွာရရှိ

စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာ ၂၈ရက် နံနက်ပိုင်းတွင် ကြာအင်ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသရှိ ဘုရားတောင် တပ်စခန်းကို KNLA တပ်ရင်း(၁၆)က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

“(ဘုရားတောင်တပ်စခန်း)က သေနတ်ကအားလုံး ၁၁လက်ရတယ်။ နောက်တစ်နေရာရသေးတယ်။ စောထစခန်းကိုတို့အဖွဲ့တွေ တိုက်သိမ်းပြီး မီးရှို့ဖျက်ဆီးလိုက်တယ်။ လက်နက်ဘယ်နှစ်လက်ရတာတော့ စီစစ်ဆဲ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

စောထတပ်စခန်းသည် KNLA တပ်ရင်း(၁၈) နယ်မြေအတွင်းရှိသည့် တပ်စခန်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အဇင်းနဲ့ ကျိုက်ဒုံဂွင်ပေါ့”ဟု ၎င်းက ပြော သည်။

ယခု တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းနှစ်ခုလုံးသည် KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်အတွင်း ရှိ တပ်စခန်းများ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။