Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ဖာပွန်ခရိုင်တွင် စစ်ကောင်စီလက်ပါးစေ BGFက ကျေးရွာပတ်လည် မိုင်းထောင်ခိုင်းပြီး တစ်ရွာနှင့်တစ်ရွာသွားလာခြင်းမပြုရန် တားမြစ်

အလားတူ ယွန်းစလင်း မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ရွာသားများကိုလည်း စက်လှေ၊ ဆိုင်ကယ်နှင့် ကားများ ခရီးသွားလာခွင့်မပြုတော့ဘဲ တားဆီးပိတ်ပင်ထားသည်ကို စုံစမ်းသိရကြောင်း ဖော်ပြထားသည်။

Update News
Update News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) ဖာပွန်ခရိုင်တွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)က ပိုကြည်ကျေးရွာ ပတ်လည်တွင်မိုင်းများ ထောင်ခဲ့သည့်အပြင် တစ်ရွာနှင့်တစ်ရွာ သွားလာခြင်းမပြုရန် ဒေသခံ ပြည်သူများအား အမိန့်ပေးညွှန်ကြားထားသည် ဟု တပ်မဟာ(၅)၏ မူတြော်သတင်းစဉ်က ဖော်ပြသည်။

စက်တင်ဘာ ၂၉ရက်တွင် BGF တပ်ရင်း တပ်ရင်းမှူး ဗိုလ်မောင်ချစ်က BGF တပ်နယ်အမှတ်(၃) ဒုတပ်ခွဲမှူး နှင့် အဖွဲ့အား ပိုကြည်ကျေးရွာသို့ စေလွှတ်ကာ ကျေးရွာပတ်လည်ကို မိုင်းထောင်ခိုင်းခြင်း၊ မဲကုလား၊ ပိုကြည်၊ လယ်ကွဲ၊ တခေါ်ခို့ရွာများအပြင် ဖာပွန် – ကမမောင်း ကားလမ်းမပေါ်၌ နေထိုင်သည့် ရွာသားများအား တစ်ရွာနှင့်တစ်ရွာ အကြား သွားလာခြင်း မပြုရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အလားတူ ယွန်းစလင်း မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ရွာသားများကိုလည်း စက်လှေ၊ ဆိုင်ကယ်နှင့် ကားများ ခရီးသွားလာခွင့်မပြုတော့ဘဲ တားဆီးပိတ်ပင်ထားသည်ကို စုံစမ်းသိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် နို့ထစာသင်ကျောင်းသို့ ပညာသင်နေသည့် ကျေးရွာများမှ ကျောင်းသူကျောင်းသားများအား ထီးလာပလယ်ထ တံတားအား ဖြတ်ကျော်ခွင့်မပြုရန်၊ ကျောင်းသားကျောင်းသူများအား ပညာဆက်လက်သင်ယူရန် ခွင့်မပြုရန်တို့ကို စစ်ကောင်စီ ခါးပိုက်ဆောင်တပ် BGF က တားမြစ်ထားသည်ဟုလည်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)အနေဖြင့်လည်း ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တို့ကို ခြုံခိုတိုက်ခိုက်မှုများ နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီနှင့် BGFတပ်မှ သေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။