Connect with us

Hi, what are you looking for?

သတင်း

KNU ဖာပွန်ခရိုင်တွင် စစ်ကောင်စီလက်ပါးစေ BGFက ကျေးရွာပတ်လည် မိုင်းထောင်ခိုင်းပြီး တစ်ရွာနှင့်တစ်ရွာသွားလာခြင်းမပြုရန် တားမြစ်

အလားတူ ယွန်းစလင်း မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ရွာသားများကိုလည်း စက်လှေ၊ ဆိုင်ကယ်နှင့် ကားများ ခရီးသွားလာခွင့်မပြုတော့ဘဲ တားဆီးပိတ်ပင်ထားသည်ကို စုံစမ်းသိရကြောင်း ဖော်ပြထားသည်။

Update News
Update News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) ဖာပွန်ခရိုင်တွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)က ပိုကြည်ကျေးရွာ ပတ်လည်တွင်မိုင်းများ ထောင်ခဲ့သည့်အပြင် တစ်ရွာနှင့်တစ်ရွာ သွားလာခြင်းမပြုရန် ဒေသခံ ပြည်သူများအား အမိန့်ပေးညွှန်ကြားထားသည် ဟု တပ်မဟာ(၅)၏ မူတြော်သတင်းစဉ်က ဖော်ပြသည်။

စက်တင်ဘာ ၂၉ရက်တွင် BGF တပ်ရင်း တပ်ရင်းမှူး ဗိုလ်မောင်ချစ်က BGF တပ်နယ်အမှတ်(၃) ဒုတပ်ခွဲမှူး နှင့် အဖွဲ့အား ပိုကြည်ကျေးရွာသို့ စေလွှတ်ကာ ကျေးရွာပတ်လည်ကို မိုင်းထောင်ခိုင်းခြင်း၊ မဲကုလား၊ ပိုကြည်၊ လယ်ကွဲ၊ တခေါ်ခို့ရွာများအပြင် ဖာပွန် – ကမမောင်း ကားလမ်းမပေါ်၌ နေထိုင်သည့် ရွာသားများအား တစ်ရွာနှင့်တစ်ရွာ အကြား သွားလာခြင်း မပြုရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အလားတူ ယွန်းစလင်း မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ ရွာသားများကိုလည်း စက်လှေ၊ ဆိုင်ကယ်နှင့် ကားများ ခရီးသွားလာခွင့်မပြုတော့ဘဲ တားဆီးပိတ်ပင်ထားသည်ကို စုံစမ်းသိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် နို့ထစာသင်ကျောင်းသို့ ပညာသင်နေသည့် ကျေးရွာများမှ ကျောင်းသူကျောင်းသားများအား ထီးလာပလယ်ထ တံတားအား ဖြတ်ကျော်ခွင့်မပြုရန်၊ ကျောင်းသားကျောင်းသူများအား ပညာဆက်လက်သင်ယူရန် ခွင့်မပြုရန်တို့ကို စစ်ကောင်စီ ခါးပိုက်ဆောင်တပ် BGF က တားမြစ်ထားသည်ဟုလည်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)အနေဖြင့်လည်း ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်နှင့် လက်ပါးစေ BGF တို့ကို ခြုံခိုတိုက်ခိုက်မှုများ နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီနှင့် BGFတပ်မှ သေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook