Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ်တရားရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

“ထိုတိုက်ခိုက်မှုသည် စစ်ကောင်စီအလိုကျဆောင် ရွက်နေသော စစ်ကောင်စီထောက်တိုင်များအား သတိပေးဖောက်ခွဲခြင်းဖြစ်သည်”ဟု PDF(Sanchaung)က အသိပေးသည်။

စမ်းချောင်းမြို့နယ်တရားရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
စမ်းချောင်းမြို့နယ်တရားရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ စစ်ကောင်စီ​၏ မြို့နယ်တရားရုံးကို ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း PDF(Sanchaung)က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂ ရက်) ညနေ ၆ နာရီ ၁၀ မိနစ်ခန့်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ စစ်ကောင်စီ​၏ တရားရုံးကို ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပ.က.ဖ တပ်ရင်း၊ တပ်ခွဲ(၁)၊တပ်စု(၁)၊ တပ်စိတ်(၁)နှင့် PDF(Sanchaung) အဖွဲ့တို့ပူးပေါင်းပြီး အဝေးထိန်းဗုံးတစ်လုံးဖြင့် သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ထိုတိုက်ခိုက်မှုသည် စစ်ကောင်စီအလိုကျဆောင် ရွက်နေသော စစ်ကောင်စီထောက်တိုင်များအား သတိပေးဖောက်ခွဲခြင်းဖြစ်သည်”ဟု PDF(Sanchaung)က အသိပေးသည်။

အဆိုစမ်းချောင်းတရားရုံးတွင် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ရပ်ကွက်အတွင်းခြေရှုပ်နေပြီး ဖြစ်စဥ်နှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်သူများအား စစ်ကောင်စီတပ်မှ ဖမ်းဆီးရန်လုပ်ဆောင်နေ၍ ပေါက်ကွဲမှုဖြစ်သည့်တရားရုံးဝန်းကျင်သို့ သွားလာခြင်းမပြုကြရန် စမ်းချမ်းပင်ပသပိတ်စစ်ကြောင်းက သတိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ ပြည်သူလူထုများအနေဖြင့် စစ်ကောင်စီတပ်စွဲထားရာနေရာများ၊ အဆောက်အအုံများနှင့် လွတ်ကင်းရာနေရာမှ သွားလာကြပါရန်နှင့် ပေါက်ကွဲမှုဖြစ်ပွားရာအနီးတစ်ဝိုက်သို့ မသွားကြရန် PDF-Sanchaung က သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။