Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်းမြို့နယ် ကျွန်းလယ်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်

မဟာမိတ်အဖွဲ့သားများ ပစ်မှတ်မြို့နယ်မှ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင် ခဲ့ကြောင်းလည်း အသိပေးထားသည်။

(စစ်ကောင်စီတပ်သားအချို့ စမ်းချောင်းမြို့နယ်အတွင်း လက်နက်ပြ ခြိမ်းခြောက်ဆဲဆိုနေစဥ် ၊ ဓာတ်ပုံ - CJ။ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်ကောင်စီတပ်သားအချို့ စမ်းချောင်းမြို့နယ်အတွင်း လက်နက်ပြ ခြိမ်းခြောက်ဆဲဆိုနေစဥ် ၊ ဓာတ်ပုံ - CJ။ ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ကျွန်းလယ် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Emerald Girls Army (EGA)က ယနေ့(သြဂုတ် ၁၃)ထုတ်ပြန်သည်။

ယနေ့နံနက် ၄နာရီ ၅၁မိနစ်ခန့်က စမ်းချောင်း ဖျာပုံလမ်း၊ ကျွန်းလယ် အုပ်ချုပ်ရေးမှူးရုံးကို နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA)နှင့် Emerald Girls Army (EGA) မဟာမိတ်အဖွဲ့မှ အဝေးထိန်းမိုင်းဖြင့် သွားရောက်ဖောက်ခွဲ ဖျတ်ဆီးခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေအား စုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြသည်။

မဟာမိတ်အဖွဲ့သားများ ပစ်မှတ်မြို့နယ်မှ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင် ခဲ့ကြောင်းလည်း အသိပေးထားသည်။

“ရုံးရှေ့ပဲမှာပဲ အလူမီနီယံမှန်တံခါးမှာကိုချိတ်ပြီး ခွဲခဲ့တာပါ။ မိုးအရမ်းသည်း နေတော့ (ရုံးနား) ကပ်နိုင်ခဲ့တယ် ခြေလုံလုံနဲ့ပေါ့။ ပေါက်ကွဲသံကတော့ အတော်ကျယ်ပေမဲ့ ကြက်တွန်ပီးရုံ အချိန် မိုးကလည်း အရမ်းသည်းနေတာကိုး။ သိလိုက်သူနည်းမယ်ထင်တယ်”ဟု Emerald Girls Army(EGA)မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်လက်အောက်ခံမှန်သမျှ စစ်ရေးပစ်မှတ်ဟုမှတ်ယူသည့်အပြင် စမ်းချောင်းမြို့နယ်သည် စစ်ကောင်စီ၏ ဖိနှိပ်မှုအခံရဆုံးမြို့နယ်များထဲမှ တစ်ခုဖြစ်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းရဲဘော်က အသိပေးသည်။

ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအဖွဲ့များ နှင့် ၎င်းတို့တပ်စွဲ အခြေချထားသည့်နေရာများကို အတက်နိုင်ဆုံး ရှောင်ရှားသွားလာကြခြင်းဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါ၀င်ပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။