Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးရဲစခန်းမှ ရဲလေးဦး ပစ်ခတ်ခံရပြီး လေးဦးလုံးသေ

“ပြည်သူကို ဒုက္ခပေးနေလို့ လမ်းခုလတ်မှာ ဖြတ်ပြီး ဝင်တိုက်ခဲ့တာပါ။ သူတို့က လေးယောက်ပဲ ထွက်လာတာ”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက ​ပြောသည်။

ရဲလေးဦးထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်လေးလက်၊ ဓာတ်ပုံ -အမိမြေတော်လှန်ရေးတပ်ဖွဲ့
ရဲလေးဦးထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်လေးလက်၊ ဓာတ်ပုံ -အမိမြေတော်လှန်ရေးတပ်ဖွဲ့

▪️​သေနက်လေးလက်ရရှိခဲ့ဟု အမိမြေတော်လှန်ရေးတပ်ပြော

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဒေသခံပြည်သူများထံမှ အဓမ္မငွေကောက်ခံပြီးပြန်လာသည့် ညောင်ပင်ကြီးရဲစခန်းမှ ရဲ လေးဦးအား ကြားဖြတ်တိုက်ခိုက်ရာ လေးဦးလုံးသေဆုံးပြီး လက်နက်လေးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပြည်သူကို ဒုက္ခပေးနေလို့ လမ်းခုလတ်မှာ ဖြတ်ပြီး ဝင်တိုက်ခဲ့တာပါ။ သူတို့က လေးယောက်ပဲ ထွက်လာတာ”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက ​ပြောသည်။

ယမန်နေ့(အောက်တိုဘာလ ၃ ရက်) မွန်းလွဲ ၁ နာရီခန့်က ညောင်ပင်ကြီးရဲစခန်းမှ ရဲလေးဦးသည် ဒေသခံပြည်သူများထံမှ ငွေကောက်ခံနေကြောင်း သတင်းရ ၍ အပြန်လမ်းတွင် စောင့်ဆိုင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရဲလေးဦးထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်လေးလက်၊ ဓာတ်ပုံ -အမိမြေတော်လှန်ရေးတပ်ဖွဲ့
ရဲလေးဦးထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်လေးလက်၊ ဓာတ်ပုံ -အမိမြေတော်လှန်ရေးတပ်ဖွဲ့

ပစ်ခတ်တိုက်ခိုက်ပြီးချိန်တွင် ပြည်သူများရောက်ရှိလာသောကြောင့် ရဲဘော်များ၏ လုံခြုံရေးအရ သေနတ်နှစ်လက်ကိုသာ ဦးစွာကောက်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် ကျန်သည့်နှစ်လက်အား ထပ်မံကောက်ယူနိုင်ရန်နှင့် ထပ်ရောက်လာပါက တိုက်ခိုက် ရန် အသင့်စောင့်နေရာ ရဲစခန်းအတွင်းမှ ထွက်မလာသောကြောင့် လက်ကျန်သေနတ်နှစ်လက်နှင့် လ​က်ပစ်ဗုံးတစ်လုံးသာ ကောက်ယူ​ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ကြာပြီ ဆပ်ကြေးလိုက်ကောက်နေတာ ၊ သူတို့ တရားလွန်လာလို့ ဆုံးမတာပေါ့ဗျာ။ ရဲစခန်းနဲ့ ကိုက် ၅၀၀ လောက်အကွာမှာ ဝင်ဖြတ်တိုက်တာ။ နေရာတင် ခေါင်းတေ့ပစ်ခဲ့တာ။ ပြည်သူတချို့တဝက်တကြောင့် နောက်ဆုတ်ရတာ ရှိတယ်။ အခု စောင့်ကြားဖြတ်တိုက်ခဲ့တာ အောင်မြင်တယ်ဗျ။ ပြည်သူ ထိခိုက်မှုမရှိဘဲ အောင်မြင်ခဲ့တာ၊ ပြည်သူမထိဖို့ အဓိကပဲလေ။ ​ွေးလေးကောင် ရှင်းနိုင်ခဲ့တယ်။”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ Young People Force နှင့် Salingyi GZ တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ယခုကဲ့သို့ ပြည်သူကိုငွေကြေးကောက်ခံနေသည့် ရဲများအား တိုက်ခိုက်ရန် စီစဥ်ခဲ့သော်လည်း ပြည်သူများရှိနေ၍ စစ်ဆင်ရေးဖျက်သိမ်းခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်နီးရာတွင် နေထိုင်သွားလာခြင်းမပြုရန်၊ လက်နက်သံနှင့်မိုင်းသံကြားပါက ဘေးကင်းရာသို့ အမြန်ဆုံးသွားရောက်ရန်၊ ပြည်သူ့ရဲဘော်များ ပြန်လည်ဆုတ်ခွာချိန် အပြုသဘောဆောင်သည့်ကူညီမှုများ ပြုလုပ်ပေးရန် အမိမြေတော်လှန်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့သည် ပြည်သူ့ထောက်ပံ့မှုဖြင့် အာဏာရှင်စနစ် ပိုမိုထိရောက်အောင် တော်လှန်နေပြီး ပြည်သူ့ထောက်ပံ့မှုလည်း လိုအပ်နေကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

ညောင်ပင်ကြီးရဲစခန်းသည် မုံရွာမြို့ဘက်သို့ကူးမည့်ခရီးသွားပြည်သူများအား မကြာခဏစစ်ဆေးငွေတောင်းခြင်း၊ ဆားလင်းကြီးနယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်နှင့်အတူ ဝင်ရောက်အကြမ်းဖက်ဖျက်ဆီးခြင်းများ ပြုလုပ်လေ့ရှိပြီး ယခင်ကလည်း ဒေသကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှု ခံခဲ့ရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။