Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး

ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့သော်လည်း သေဆုံးသူအရေအတွက်ကို မသိရသေးပေ။ စစ်ကောင်စီတပ်သည် ကျားတက်စခန်းကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး
ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး

စစ်ကောင်စီတပ်စွဲထားသော ဆားလင်းကြီးမြို့နယ်၊ ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ် ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီများ စုဖွဲ့အထိုင်ချထားသော ကျားတက်စခန်းကို ဆားလင်းကြီးနှင့်ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့(အောက်တိုဘာ ၂ရက်)တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး
ဆားလင်းကြီးမြို့နယ် စစ်ကောင်စီ​၏ ကျားတက် စခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်နှစ်ဦးကျဆုံး

“စခန်းကို သိမ်းနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ရဲဘော် နှစ်ယောက် အသက်ပေးလှူခဲ့ရတယ်”ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲ​ဘော်တစ်ဦးက ပြောသည်။

ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးမှာ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF)မှ ရဲဘော်ပိန္နဲစေ့ နှင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ဝလုံး ဖြစ်သည်။

Public Service Announcement

Public Service Announcement

” ကျားတက်စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်အား သတ္တိပြောင်စွာ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်ပိန္နဲစေ့ နှင့် ရဲဘော်ဝလုံး တို့အား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF) က သတင်းထုတ်ပြန်သည်။

ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့သော်လည်း သေဆုံးသူအရေအတွက်ကို မသိရသေးပေ။ စစ်ကောင်စီတပ်သည် ကျားတက်စခန်းကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။