Connect with us

Hi, what are you looking for?

သတင်း

ရခိုင်နှင့်ပလက်ဝတွင် မွေးကင်းစ ကလေး နှစ်ထောင်ကျော်အပါအဝင် စစ်ရှောင်ရှစ်သောင်းကျော်ရှိဟု AA ထုတ်ပြန်

စစ်ကောင်စီတပ်အနေဖြင့် ရခိုင်သာမက တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုများ ကျူးလွန်နေသည်ဟုဆိုသည်။

ရခိုင်နှင့်ပလက်၀တွင် မွေးကင်းစ ကလေး နှစ်ထောင်ကျော်အပါအဝင် စစ်ရှောင်ရှစ်သောင်းကျော်ရှိဟု AA ထုတ်ပြန်
ရခိုင်နှင့်ပလက်၀တွင် မွေးကင်းစ ကလေး နှစ်ထောင်ကျော်အပါအဝင် စစ်ရှောင်ရှစ်သောင်းကျော်ရှိဟု AA ထုတ်ပြန်

▪︎စစ်ရှောင်များသာမက ဒေသခံများကိုပါ စစ်​ကောင်စီကရိက္ခာနှင့်ဆေးဝါး ပိတ်ပင်ထား၍ပြည်သူများအခက်ကြုံ

▪︎စစ်​ကောင်စီကတစ်နိုင်ငံလုံးရှိ ပြည်သူကိုရန်သူလိုသတ်မှတ်ပြီးရည်ရွယ်ချက်ရှိရှိ လူသတ်နေသလိုဖြစ်နေဟု ရခိုင်နိုင်ငံရေးသမားဦးဖေသန်းပြော

ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်၀တို့တွင် အိမ်ထောင်စု နှစ်သောင်းကျော်မှ စစ်ဘေးရှောင် ဦးရေ ရှစ်သောင်းကျော်အထိ ရှိလာကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ ထုတ်ပြန်သည်။

စစ်ရှောင်များအနက် မွေးကင်းစ ကလေးငယ် ၂၁၀၀ ကျော်ပါဝင်ပြီး ကိုယ်ဝန်ဆောင်များ၊ နာမကျန်း၊ မသန်စွမ်းနှင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရသူများလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ကျောင်းသားကျောင်းသူ တစ်သောင်းကျော်ကြောင်း ​အောက်တိုဘာ ၄ ရက်အထိ့ပြုစုထား​သော စာရင်းတွင့်ထုတ်ပြန်သည်။

ရခိုင်နှင့်ပလက်၀တွင် မွေးကင်းစ ကလေး နှစ်ထောင်ကျော်အပါအဝင် စစ်ရှောင်ရှစ်သောင်းကျော်ရှိဟု AA ထုတ်ပြန်
ရခိုင်နှင့်ပလက်၀တွင် မွေးကင်းစ ကလေး နှစ်ထောင်ကျော်အပါအဝင် စစ်ရှောင်ရှစ်သောင်းကျော်ရှိဟု AA ထုတ်ပြန်

ရသေ့တောင်နှင့် မြောက်ဦး၊ ဘူးသီးတောင်၊ ကျောက်တော် တို့၌ စစ်ရှောင်စခန်းအများအပြားရှိပြီး ပလက်၀၊ မောင်တော၊ ပေါက်တော၊ အမ်း၊ မင်းပြား၊ စစ်တွေ၊ မြေပုံ၊ ပုဏ္ဍားကျွန်း တို့တွင်လည်း စစ်ရှောင်စခန်းများ ရှိပြီး စုစုပေါင်း စစ်ရှောင်စခန်းနှင့် နေရာ ၁၅၀ ရှိသည်ဟုအသိ​​ပေးသည်။

UNOCHA က စက်တင်ဘာလကုန်အထိ့ပြုစုထားသည်ဆို​သော ​စစ်​ဘေး​ရှောင်စာရင်းတွင်ရခိုင်ပြည်နယ်တွင် ၁၃၄၀၀ ဦးသာရှိ​ကြောင်း​ဖော်ပြထားပြီး AA ထုတ်ပြန်​သောစာရင်းထက်များစွာ​​လျော့နည်း​နေသည်။ OCHA ထုတ်ပြန်​သော​နေရပ်စွန့်ခွာတိမ်း​ရှောင်​နေရသူများစာရင်းမှာ ကျန်​ဒေသများတွင်လည်း ​မြေပြင်မှရာရင်းများထက်နည်းပါး​လေ့ရှိသည်။

Public Service Announcement

Public Service Announcement

“လက်ရှိ အခြေအနေက နီးစပ်ရာ နီးစပ်ရာ ရွာတွေက ထောက်ပံ့နေတာပဲရှိတယ်။ NGO ၊ INGO အဖွဲ့တွေလည်း စစ်ကောင်စီက ပိတ်ထားတယ်။သူတို့စစ်ဘေးရှောင်လောက်မပြောနဲ့ ရွာတွေကိုတောင်မှ ရိက္ခာတွေ ဆေးဝါးတွေ ပိတ်ထားတာရှိတယ်။ ဆက်သွယ်ရေးတွေ ကုန်းလမ်းရေလမ်း ဖြတ်တောက်ထားတာ ရှိတယ်။ စစ်ဘေးရှောင်တွေဆို ပိုပြီး ဒုက္ခရောက်တာပေါ့” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ထိုသို့ ပိတ်ဆို့ထားခြင်းကြောင့် စစ်ရှောင်များသာမက ဒေသခံ ပြည်သူများပါ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍပေါင်းစုံ၌ အခက်ကြုံနေကြသည်။

“သူတစ်ပါးကို မှီခိုစားသောက်နေရတဲ့အခါမှာ ကိုယ်မှီခိုနေတဲ့ သူကိုယ်၌က အကြပ်အတည်းတွေ့နေတာပေါ့။ ဒါက လက်ရှိအခြေအနေမှာ ရှစ်သောင်းကျော်ကို ဘယ်လောက်ထိ ကိုယ့်အချင်းချင်း ကူညီ ရိုင်းပင်းပြီး သွားလို့ရမလဲ။ ဘယ်လောက်တောင့်ခံနိုင်မလဲနောက်ထပ်ရော ဘယ်လောက်ထိ စစ်ဘေးရှောင်တွေဖြစ်လာမလဲဆိုတဲ့ အခြေအနေကိုအများကြီးကျွန်တော်တို့စဉ်းစားနေရတာပေါ့” ဟု ဦးဖေသန်းကဆက်ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ရခိုင်သာမက တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုများ ကျူးလွန်နေသည်ဟုဆိုသည်။

“ဒါကတော့ တစ်နိုင်ငံလုံးမှာ မြင်နေရ ကြားနေရတာပေါ့။ ဘာမှ မဆိုင်တဲ့ စာသင်ကျောင်းတွေတောင် လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွာတွေကို ပစ်နေတယ် ရွာတွေကို မီးရှို့နေတယ်။ စစ်ကောင်စီက အစွမ်းကုန်ပေါ့ ပြည်သူတွေကို လူသားမဆန်တဲ့ လုပ်ရပ်တွေ ပေါ့။ ပြည်သူကို ရန်သူလို ဆက်ဆံနေတဲ့ လုပ်ရပ်တွေပေါ့။ အဲဒါကျတော့ တစ်နိုင်ငံလုံးမှာ တွေ့နေရတယ်။ ရခိုင်မှာ ပိုဆိုးတာပေါ့။ အခု ဆေးဝါးတွေကို လုံး၀ မသယ်ရ မပြု မဝယ် ဆိုတာ တနည်းအားဖြင့် ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာပဲ။ အဲဒီလောက်အထိ လုပ်နေတာက လူမျိုးသုဉ်းသတ်ဖြတ်မှုအထိ ဖြစ်သွားနိုင်တာပေါ့” ဟု ဦးဖေသန်းက ပြောသည်။

AA အနေဖြင့် စစ်ကောင်စီတပ်များကို ဩဂုတ်လမှစ၍ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်စခန်း၊ နယ်ခြားစောင့်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ခြင်း၊ စစ်ကောင်စီ စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။