Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် ခလရ(၂၇၄)တပ်အနီးရှိ လက်နက်ကြီးပစ်ခတ်ရာဂိတ်ကို CDF တိုက်ခိုက်

ပြည်သူများအနေဖြင့်လည်း မင်းတပ် CDFရဲဘော်များအတွက် ဆုတောင်းပေးရန် ဝန်းရံပေးရန်နှင့် ပံ့ပိုးကူညီပေးကြရန် မင်းတပ်CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က မေတ္တာရပ်ခံထားသည်။

မင်းတပ် CDFရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဆလိုင်းဟာအွမ်
မင်းတပ် CDFရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဆလိုင်းဟာအွမ်

စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ဟု CDFတာဝန်ရှိသူပြော

မင်းတပ် အခြေစိုက်ခလရ (၂၇၄) တပ်ရင်းတည်ရှိရာအနီးရှိ လက်နက်ကြီးဖြင့်အထိုင်ချ ပစ်ခတ်သည့် စစ်ကောင်စီတပ်စွဲရာနေရာကို ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ သေဆုံးထိခိုက်များနိုင်သည်ဟု မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၅ရက် နံနက် ၁၁နာရီခွဲခန့်တွင် အဆိုပါဂိတ်ကို အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သွားရောက်ပစ်ခတ်ရာတွင် စစ်ကောင်စီတပ်က ပုံမှန်ရှိနေသည့်အခြေအနေထက် စစ်အင်အားများ ဖြည့်တင်းထား၍ မူလရည်ရွယ်ထားသည့်အတိုင်း တိုက်ပွဲကြီးကြီးမားမား မဖော်ဆောင်ခဲ့ရကြောင်း မင်းတပ် CDFပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်အထိုင်ချရာနေရာကို အီနာဂါဗုံးသီးများ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အကျအဆုံးဘယ်လိုရှိနိုငလဲဆိုတော့ စစ်ကြောင်းကိုဦးစီးတဲ့ တပ်ရင်းမှူးက ပြောတာကတော့ အနီးကပ်ဝင်ပစ်တာဆိုတော့ ဒဏ်ရာရပြီး လဲကျတာတွေ တွေ့တယ်ပေါ့နော်။ စစ်တပ်နဲ့ နီးနီးလေး တပ်တစ်တပ်လုံးထွက်လာတောင်ရတယ်ဆိုတော့ သူတို့ကလည်း အတင်းဝင် အတင်းပစ် ဟိုဘက်က မပစ်နိုင်အောင် တောက်လျှောက်ပစ်ပြီးကာမှ ဆုတ်ဆုတ်လာတဲ့သဘော။ အကျအဆုံးများနိုင်သလို ဒဏ်ရာရတွေလည်းများနိုင်တယ်လို့ ပြောလို့ရတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်မှလည်း ထိုသို့တိုက်ခိုက်ခံရမှုကြောင့် အများပြည်သူနေထိုင်သော ကျေးရွာဘက်သို့ လက်နက်ကြီးအချက်၂၀ခန့်ပစ်ခတ်ခဲ့ရာ မင်းတပ်မြို့(၆)မိုင် တက္ကသိုလ်သွားရာလမ်းအနီး နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ကျန်ထိခိုက်ပျက်စီးမှုများ အားဆက်လက်စုံစမ်းနေကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့်လည်း မင်းတပ် CDFရဲဘော်များအတွက် ဆုတောင်းပေးရန် ဝန်းရံပေးရန်နှင့် ပံ့ပိုးကူညီပေးကြရန် မင်းတပ်CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook