Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ် ခလရ(၂၇၄)တပ်အနီးရှိ လက်နက်ကြီးပစ်ခတ်ရာဂိတ်ကို CDF တိုက်ခိုက်

ပြည်သူများအနေဖြင့်လည်း မင်းတပ် CDFရဲဘော်များအတွက် ဆုတောင်းပေးရန် ဝန်းရံပေးရန်နှင့် ပံ့ပိုးကူညီပေးကြရန် မင်းတပ်CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က မေတ္တာရပ်ခံထားသည်။

မင်းတပ် CDFရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဆလိုင်းဟာအွမ်
မင်းတပ် CDFရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - ဆလိုင်းဟာအွမ်

စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ဟု CDFတာဝန်ရှိသူပြော

မင်းတပ် အခြေစိုက်ခလရ (၂၇၄) တပ်ရင်းတည်ရှိရာအနီးရှိ လက်နက်ကြီးဖြင့်အထိုင်ချ ပစ်ခတ်သည့် စစ်ကောင်စီတပ်စွဲရာနေရာကို ယနေ့နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ သေဆုံးထိခိုက်များနိုင်သည်ဟု မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၅ရက် နံနက် ၁၁နာရီခွဲခန့်တွင် အဆိုပါဂိတ်ကို အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သွားရောက်ပစ်ခတ်ရာတွင် စစ်ကောင်စီတပ်က ပုံမှန်ရှိနေသည့်အခြေအနေထက် စစ်အင်အားများ ဖြည့်တင်းထား၍ မူလရည်ရွယ်ထားသည့်အတိုင်း တိုက်ပွဲကြီးကြီးမားမား မဖော်ဆောင်ခဲ့ရကြောင်း မင်းတပ် CDFပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်အထိုင်ချရာနေရာကို အီနာဂါဗုံးသီးများ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အကျအဆုံးဘယ်လိုရှိနိုငလဲဆိုတော့ စစ်ကြောင်းကိုဦးစီးတဲ့ တပ်ရင်းမှူးက ပြောတာကတော့ အနီးကပ်ဝင်ပစ်တာဆိုတော့ ဒဏ်ရာရပြီး လဲကျတာတွေ တွေ့တယ်ပေါ့နော်။ စစ်တပ်နဲ့ နီးနီးလေး တပ်တစ်တပ်လုံးထွက်လာတောင်ရတယ်ဆိုတော့ သူတို့ကလည်း အတင်းဝင် အတင်းပစ် ဟိုဘက်က မပစ်နိုင်အောင် တောက်လျှောက်ပစ်ပြီးကာမှ ဆုတ်ဆုတ်လာတဲ့သဘော။ အကျအဆုံးများနိုင်သလို ဒဏ်ရာရတွေလည်းများနိုင်တယ်လို့ ပြောလို့ရတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်ဘက်မှလည်း ထိုသို့တိုက်ခိုက်ခံရမှုကြောင့် အများပြည်သူနေထိုင်သော ကျေးရွာဘက်သို့ လက်နက်ကြီးအချက်၂၀ခန့်ပစ်ခတ်ခဲ့ရာ မင်းတပ်မြို့(၆)မိုင် တက္ကသိုလ်သွားရာလမ်းအနီး နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ကျန်ထိခိုက်ပျက်စီးမှုများ အားဆက်လက်စုံစမ်းနေကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့်လည်း မင်းတပ် CDFရဲဘော်များအတွက် ဆုတောင်းပေးရန် ဝန်းရံပေးရန်နှင့် ပံ့ပိုးကူညီပေးကြရန် မင်းတပ်CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

ခလရ (၂၇၅) ကစစ်​ကောင်စီတပ်ဟာ KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် ဧပြီ ၁၀ ရက်ညကတည်းက နယ်စပ်မှာရှိတဲ့ အမှတ် (၂) တံတားနားကိုထွက်​ပြေးလာခဲ့ကြတာပါ။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။