Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့၌ ပစ်ခတ်မှု ဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိ

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားသည်။

မင်းတပ်မြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl-Mindat
မင်းတပ်မြို့တွင်းတစ်နေရာအား တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl-Mindat

ချင်းပြည်နယ် မင်းတပ်မြို့၌ ယနေ့(စက်တင်ဘာ ၂၉ရက်)နံနက်က ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့ကြောင်း မင်းတပ်ဒေသခံတစ်ဦးက အသိပေးထားသည်။

မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေများကို ဖော်ပြလေ့ရှိသည့် ဒေသခံတစ်ဦးက ယနေ့နံနက်တွင် မင်းတပ်မြို့၌ ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်များ ထိတွေ့မှု ဖြစ်ခဲ့ကြောင်း ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားထားသည်။

“မင်းတပ်မြို့ တိုင်းရင်းဆေးနားတစ်ဝိုက် စခများ ခြေရှုနေကြပါတယ်။ ယနေ့နံနက် CDF ရဲဘော်များနှင့် စစ်ခွေးများ ထိတွေ့မှု ဖြစ်၊ စခတစ်ကောင် ပက်လက်လန်ဂန့်၊ ပစ်ခတ်သံတွေတော့ တည်ငြိမ်သွားပါပြီ”ဟု မင်းတပ် ဒေသခံက အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှု ဖြစ်ပွားရာအနီး စစ်ကောင်စီတပ်က ကင်းပုန်းများချထားပြီး တပ်ဖြန့်နေကြောင်း၊ အစစ်အဆေး တင်းကြပ်နိုင်ပြီး ရမ်းသမ်းဖမ်းဆီးမှုများရှိနိုင်၍ ဂရုစိုက်သွားလာကြရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းမရသေးကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၂ရက်ကလည်း မင်းတပ် CDF အနေဖြင့် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာ ၅နေရာကို တစ်ရက်အတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။