Connect with us

Hi, what are you looking for?

သတင်း

နတ္တလင်းမြို့နယ် ကရင်ဆင်စွဲရွာသို့လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟုဆို

ယမန်နေ့ (အောက်တိုဘာ ၈ ရက်)နံနက် ၁၀ နာရီခွဲက နတ္တလင်းမြို့နယ် ကရင်ဆင်စွဲရွာဘက်သို့ အင်အား ၂၃ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အဆိုပါရွာထိပ်အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

People's Spring
People's Spring

ပဲခူးတိုင်း နတ္တလင်းမြို့နယ် ကရင်ဆင်စွဲကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄)MRF-Nattlin က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၈ ရက်)နံနက် ၁၀ နာရီခွဲက နတ္တလင်းမြို့နယ် ကရင်ဆင်စွဲရွာဘက်သို့ အင်အား ၂၃ဦးခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အဆိုပါရွာထိပ်အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း MRF-Nattlin က ပြောသည်။

“သူတို့က ပဲခူးရိုးမအစပ်က တောင်ညိုဆည်မှာ အထိုင်ထားပြီး အဲဒီကနေ ရိုးမကရွာတွေကို အမြဲစစ်ကြောင်းထိုးနေတာပါ”ဟု MRF-Nattlin မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်ဆင်စွဲရွာအပါအဝင် တောင်ညိုဆည်အနီးဝန်းကျင်ရှိကျေးရွာများသို့ ဝင်ရောက်ကာ လမ်းပြလုပ်ခိုင်းခြင်း၊ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းစေခြင်း စသည်တို့ကို ပြုလုပ်သည့်အပြင် ၎င်းတို့နှင့်မပူးပေါင်းပါက ကျေးရွာများကို မီးရှို့မည်ဟု ခြိမ်းခြောက်မှုများလုပ်ဆောင်နေသည်ဟု အထက်ပါရဲဘော်က ဆက်ပြောသည်။

သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၄) MRF-Nattlin အနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်း ၏ထောက်တိုင်များအား စဥ်ဆက်မပြတ် တိုက်ခိုက်ချေ မှုန်းသွားမည်ဖြစ်၍ ပြည်သူများ ၎င်းတို့နှင့် နီးကပ်စွာနေထိုင်ခြင်းမပြုကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။