Connect with us

Hi, what are you looking for?

သတင်း

စမ်းချောင်း ဗဟိုလမ်းပေါ်ရှိ ယာဥ်ထိန်းရဲကင်းအား ဖောက်ခွဲတိုက်ခိုက်

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုအပြီးနောက် စစ်ကားလေးစီးခန့် ရောက်ရှိလာပြီး ဗဟိုလမ်းမီးပွိုင့်ထိပ်ရှိ လမ်းလေးဘက်လုံးအား ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ၂၀၂၁ သြဂုတ်အတွင်းက စမ်းချောင်းမြို့နယ်တရားရုံးအနီး စစ်ကောင်စီဝင်များက လမ်းပိတ် ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေစဥ်
ဓာတ်ပုံ - ၂၀၂၁ သြဂုတ်အတွင်းက စမ်းချောင်းမြို့နယ်တရားရုံးအနီး စစ်ကောင်စီဝင်များက လမ်းပိတ် ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေစဥ်

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ်ရှိ ယာဥ်ထိန်းရဲကင်းအား နိုင်ငံရေးအကျဉ်းသားများ အားလုံးတွက်ကိုယ်စားပြုတိုက်ခိုက်ရေးအဖွဲ့ Freeland Attack Force (FLA) ၊ Emerald Girls Army (EGA) နှင့် Revolution of 21 Century အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ (အောက်တိုဘာ ၁၀) ညပိုင်း၌ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း FLAအဖွဲ့က ထုတ်ပြန်သည်။

ယနေ့ည ၈ နာရီ ၁၀မိနစ်ဝန်းကျင်တွင် စမ်းချောင်းမြို့နယ်တရားရုံးအနီး ဗဟိုလမ်းမီးပွိုင့်ထိပ်ရှိ ယာဥ်ထိန်းရဲကင်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲကင်း‌ရှေ့ပိုင်း ပျက်စီးမှုရှိခဲ့ကြောင်း FLA အဖွဲ့က ဖော်ပြထားသည်။

ပေါက်ကွဲမှုအပြီး စစ်ကောင်စီဝင်များ ရောက်လာချိန်တွင် ထပ်မံဖောက်ခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ပစ္စည်း Error တက်မှုကြောင့် ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုအပြီးနောက် စစ်ကားလေးစီးခန့် ရောက်ရှိလာပြီး ဗဟိုလမ်းမီးပွိုင့်ထိပ်ရှိ လမ်းလေးဘက်လုံးအား ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“၈နာရီ ကျော်လောက်က ပေါက်ကွဲသံ တစ်ချက် တော့ ကြားလိုက်တယ်။ ခဏနေတော့ စစ်ကားတွေ ရောက်လာပြီး ရှမ်းလမ်းမီးပွိုင့်မှာ DC ကားတစ်စီး ကန့်လန့်ရပ်ထားပြီး ဂွဈေးဘက်ကို ကားတွေ ပေးမဖြတ်တော့ဘူး။ လမ်းပိတ်လိုက်တယ်။ တရားရုံးနဲ့မျက်နှာချင်းဆိုင် ဆီဆိုင်ဘက်ခြမ်းမှာလဲ DC တစ်စီးရပ်ထားတယ်။ နောက်ထပ်တစ်စီးက အာရှတော်ဝင် ဘက်ကနေ ရှမ်းလမ်းမီးပွိုင့်ဘက်ကို လာတဲ့လမ်းကို ပိတ်လိုက်တယ်။ မီးပွိုင့်ထိပ် လမ်းလေးဖက်စလုံးကို ပိတ်ပြီးစစ်တာပါ။ ည ၁၀ နာရီခွဲကျော်မှလမ်းတွေ ပြန်ဖွင့်သွားပါတယ် “ဟု စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့များနှင့် ၎င်းတို့အနီး ပတ်၀န်းကျင် သို့ သွားလာခြင်းများ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့တပ်စွဲအခြေချထားသည့် နေရာများကို အတက်နိုင်ဆုံးရှောင်ရှားပေးကြပါရန် မြို့ပြပြောက်ကျားအဖွဲ့များက မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။