Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းတွင် ဆိုင်ကယ်ရပ်မပေး၍ဆိုကာရဲများကအမျိုးသားနှစ်ဦးကို ပစ်ခတ်၊ တစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရ

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ညအချိန်ဂိမ်းဆော့နေသည့်လူငယ်များကို လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သေးသည်။

ဝမ်းတွင်းမြို့ပေါ်တွင်တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ ရဲများ (ပုံအဟောင်း)၊ဓာတ်ပုံ-Cj
ဝမ်းတွင်းမြို့ပေါ်တွင်တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ ရဲများ (ပုံအဟောင်း)၊ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ဆိုင်ကယ်ရပ်မပေး​၍ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲများက အမျိုးသားနှစ်ဦးအား ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၀ရက်) ညနေပိုင်းက ဝမ်းတွင်းမြို့နယ်၊ လိန်ပင်ကျေးရွာနေ (ဉာဏ်ကန် ရှောက်တောဇာတိဖွား)ကိုဆန်းဝင်းနှင့် ကိုစိန်ရွှေကို ထနောင်းကုန်းကျေးရွာ အနောက်ဘက် လိန်ပင်လမ်းခွဲတွင် ဆိုင်ကယ်မရပ်ပေး၍ စစ်ကောင်စီလက်အောက်ခံ ရဲများက ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ကိုဆန်းဝင်းဆိုသူမှာ ​သေနတ်ဒဏ်ရာဖြင့် နေရာ၌ပွဲချင်းပြီး သေဆုံးသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။

ကိုစိန်ရွှေဆိုသူမှာမူ လည်ပင်းနှင့်ဒူးတွင် ဒဏ်ရာရရှိသွားပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း၊ရဲများက ပစ်ခတ်ပြီးနောက် လူမှားသည်ဟုဆိုကာ အဆိုပါနှစ်ဦးအား အခင်းဖြစ်​ရာနေရာမှာပင် ထားခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။

“​ွေးတွေက မြို့ပေါ်ကလမ်းပေါ်မှာ ဒီနေ့တစ်နေကုန်အစစ်ဆေးကြမ်းနေတာ။ ဘာမှအပြစ်မှမရှိဘဲလည်း ထိုင်ထလုပ်ခိုင်းတယ်။ ဖားခုန်ခိုင်းတယ်။ ကန်တယ်။ ဆိုင်ကယ်မရပ်လို့ဆိုပြီးနောက်ကအတင်းလိုက်ပြီးပစ်တာ။ အပစ်ခံရတဲ့ နှစ်ယောက်ကအသက်ကြီးပြီ။”ဟု ဝမ်းတွင်းနယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည့် ဝမ်းတွင်းမြို့နယ်တွင် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ဝမ်းတွင်းမြို့နယ်ယာယီစခန်းမှုအား WTRF အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ညအချိန်ဂိမ်းဆော့နေသည့်လူငယ်များကို လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။