Connect with us

Hi, what are you looking for?

သတင်း

ချောင်း‌ဦးနယ်စစ်ဘေးရှောင်များအား မြောင်မြို့နယ်အခြေစိုက်တော်လှန်ရေးအင်အားစုများက စောင်နှင့်‌အနွေးထည်များ သွားရောက်လှူဒါန်း

ထို့အပြင် ချောင်းဦးမြို့နယ် ကင်မွန်တော်နှင့်ကံကြီးကုန်းကျေးရွာတွင် စစ်ကောင်စီက တပ်စွဲထားသည်။ ဒေသခံပျုစောထီးများနှင့်ပူးပေါင်းကာ အနီးပတ်ဝန်းကျင်ကျေးရွာများကို ဖျက်ဆီးနေသည်။ ထို့ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

(မြောင်ဒေသမှ စစ်ဘေးရှောင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)
(မြောင်ဒေသမှ စစ်ဘေးရှောင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM)

စစ်ကောင်စီနှင့် ပျုစောထီးရန်ကြောင့် ထွက်ပြေးလာသော ချောင်း‌ဦးမြို့ဒေသခံစစ်ဘေးရှောင်များ အရေးပေါ် လိုအပ်နေသည့် စောင်နှင့်‌အနွေးထည်များကို မြောင်မြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများက ယနေ့ သွားရောက်လှူဒါန်းခဲ့သည်။

“စခနဲ့ပျုတွေကို ကြောက်ပြီး ရွာမှာမနေရဲတော့တဲ့သူတွေ ကျွန်တော်တို့နယ်မှာ လာတ်မ်းရှောင်နေရတယ်။ ဒီရက်ထဲ ရာသီဥတုကလည်း အေးလာတော့ သူတို့အတွက်လိုအပ်တာတွေ သွားထောက်ပံ့ဖြစ်တယ်”ဟု မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ -CDSOM မှ ကိုနွေဦးက ပြောသည်။

ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာနှင့်ဘေးပတ်ဝန်းကျင် ရွာအချို့မှ ဒေသခံ ၂၀၀ခန့်သည် မြောင်မြို့နယ်တွင် လာရောက်စစ်ဘေးရှောင်နေရသည်မှာ ရှစ်လခန့်ရှိနေပြီ ဖြစ်သည်။၎င်းတို့အတွက် မြောင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ယာယီစစ်ဘေးရှောင်စခန်းတစ်ခု ဖွင့်လှစ်ပေးထားသည်။

ထို့အပြင် ချောင်းဦးမြို့နယ် ကင်မွန်တော်နှင့်ကံကြီးကုန်းကျေးရွာတွင် စစ်ကောင်စီက တပ်စွဲထားသည်။ ဒေသခံပျုစောထီးများနှင့်ပူးပေါင်းကာ အနီးပတ်ဝန်းကျင်ကျေးရွာများကို ဖျက်ဆီးနေသည်။ ထို့ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့(အောက်တိုဘာလ ၁၁ရက်)တွင်လည်း ချောင်းဦးမြို့နယ် ရှမ်းထူကျေးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နှင့်ပျုစောထီးများက မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။