Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတရား​ရေးဒုဝန်ကြီး၊ ဒုရှေ့နေချုပ်ဦးစန်းလွင်အသက်ရှုကျပ်နှလုံးရပ်ပြီးရုတ်တရက်သေဆုံး

အသက် ၇၂ ခန့်အရွယ်ရှိဦးစန်းလွင်သည်စစ်အုပ်စုကအာဏာသိမ်းယူပြီးနောက်၂၀၂၁အသစ်ဖွဲ့စည်းခဲ့သည့်ဥပဒေရေးရာဝန်ကြီးဌာန၏ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်တာဝန်ကိုယူခဲ့သူဖြစ်သည်။

(စစ်​ကောင်စီ၏တရား​ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးစန်းလွင်)
(စစ်​ကောင်စီ၏တရား​ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးစန်းလွင်)

စစ်ကောင်စီဖွဲ့စည်းခဲ့သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်ဦးစန်းလွင်သည်ယ‌နေ့နံနက်အစောပိုင်းတွင် အသက်ရှုကျပ်ပြီး နှလုံးရပ်ကာ ရုတ်တရက်သေဆုံးသွားသည်။

ဦးစန်းလွင်သည် ယနေ့(အောက်တိုဘာလ၁၂ရက်) နံနက် ၁နာရီခန့်တွင် နေပြည်တော်၌ ရုတ်တရက် သေဆုံးသွားခြင်းဟု ‌တရားရေးအသိုင်းအဝိုင်းက People’s Springသို့ အတည်ပြု​ပြောကြားသည်။

ဦးစန်းလွင် သေဆုံးရသည့်အကြောင်းရင်းကို မဖော်ပြဘဲ ရုတ်တရက်သေဆုံးသွားသည်ဟုသာသူ၏မိသားစုဝင်များနှင့် တပည့်အချို့က လူမှုကွန်ရက်၌ ကနဦးရေးတင်ခဲ့ကြသည်။ဦးစန်းလွင်၏ မိတ်ဆွေများနှင့်တပည့်များက လူမှုကွန်ရက်မှတဆင့် မေးမြန်းကြရာ”ညကအထိ အကောင်း။နေကောင်းပါတယ်။အိပ်နေရင်းရင်ကြပ်လာလို့ဆေးရုံ သွားကြတာ။ဟိုရောက်တော့ မရတော့တာ။နှလုံး မခုန်တော့တာတဲ့လေ” ဟု ဦးဆန်းလွင်၏သမီးဖြစ်သူက လူမှုကွန်ရက်မှတဆင့်ရှင်းပြထားသည်ကိုတွေ့ရသည်။

အသက် ၇၂ ခန့်အရွယ်ရှိဦးစန်းလွင်သည်စစ်အုပ်စုကအာဏာသိမ်းယူပြီးနောက်၂၀၂၁အသစ်ဖွဲ့စည်းခဲ့သည့်ဥပဒေရေးရာဝန်ကြီးဌာန၏ဒုတိယပြည်ထောင်စုဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်တာဝန်ကိုယူခဲ့သူဖြစ်သည်။

Public Service Announcement

Public Service Announcement

ဥပဒေရေးရာဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးနှင့်ရှေ့နေချုပ်ဒေါက်တာသီတာဦးသည် ဦးစန်းလွင်၏ တပည့်ဖြစ်ခဲ့ဖူးသည်။ထို​ကြောင့်တပည့်ဖြစ်သူ၏လက်အောက်၌ ပြန်၍တာဝန်ထမ်းဆောင်ခဲ့သည့်အပေါ် တရားရေးအသိုင်းအဝိုင်းကဝေဖန်ခဲ့ကြဖူးသည်။

ဦးစန်းလွင်သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ရှေ့နေချုပ်ရုံး၊ဥပဒေရေးဆွဲရေးဌာန၊ဥပဒေဘာသာပြန်ဌာနခွဲညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်နေစဉ် အငြိမ်းစားယူခဲ့သည်။

ထို့နောက်ဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်ဥက္ကဌအဖြစ်ထမ်းဆောင်စဉ်ဖွဲ့စည်းခဲ့သည့် အထူးကိစ္စရပ်များနှင့်ဥပဒေရေးရာကိစ္စရပ်များဆန်းစစ်လေ့လာသုံးသပ်သူမျာကော်မရှင်အဖွဲ့တွင် ပါဝင်ခဲ့ဖူးသည်။

ထို့နောက်ပိုင်းတွင် Law Farmတစ်ခုထူထောင်ပြီးပညာရှင်အဖြစ်ရပ်တည်နေစဉ် အာဏာသိမ်းမှုကြုံ​သောအခါစစ်ကောင်စီလက်အောက်သို့ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်သည်။ သေဆုံးချိန်တွင် ၇၂နှစ်ခန့်ရှိပြီဖြစ်သည်။

” တော်တော်များများက ဒုတိယရှေ့နေချုပ်နေရာကိုလက်ရှောင်ကြတယ်။ ဒေါက်တာသီတာဦးလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ကြဘူး။ သူကတော့ စစ်ကောင်စီနဲ့ ‌ဒေါက်တာသီတာဦးထက် တဆင့်နိမ့်ပြီး တာဝန်‌ထမ်းဆောင်ခဲ့တယ်”ဟု တရားရေးအရာရှိတစ်ဦးကပြောသည်။

CDMတရားရေးဝန်ထမ်းတစ်ဦးက ” ဦးစန်းလွင် ဥပဒေပညာရပ်မှာ အရမ်းတော်ချင်တော်လိမ့်မယ်။သူ့ရပ်တည်မှုကတော့ လမ်းဘေးမှာတောင်းစားနေပေမယ့် လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကိုတော်လှန်ခဲ့တဲ့သူဖုန်းစားလောက် အဆင့်မရှိဘူး”ဟုသူ၏အမြင်ကို​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။