Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ်ရှိ ကျေးရွာ(ပအဖ)တာဝန်ခံများကို ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ဖွဲ့စည်း

ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်ရေးလုပ်ငန်းဖြစ်၍ ကျေးရွာများရှိ ပြည်သူလူထု ၏ ဆန္ဒနှင့်အညီ ရွေးချယ်ခြင်းဖြစ်ကြောင်း မြို့နယ်(ပအဖ) ဒုတာဝန်ခံလည်းဖြစ်သူ ရဲဘော်ဝေကြီးက ပြောသည်။

(ရေစကြိုမြို့နယ်၊ ရပ်/ကျေး ပကဖ၊ ပအဖ အဖွဲ့များ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ဖွဲ့စည်းနေစဥ်၊ ဓာတ်ပုံ - ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
(ရေစကြိုမြို့နယ်၊ ရပ်/ကျေး ပကဖ၊ ပအဖ အဖွဲ့များ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ဖွဲ့စည်းနေစဥ်၊ ဓာတ်ပုံ - ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ရပ်/ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကိုလည်းဖွဲ့စည်းခဲ့

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ကျေးရွာများတွင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေး(ပအဖ) တာဝန်ခံများ ရွေးချယ်တင်မြောက် ဖွဲ့စည်းခဲ့ကြောင်း ရေစကြိုမြို့နယ်(ပအဖ)က ယနေ့(အောက်တိုဘာ ၁၂ရက်)တွင် ထုတ်ပြန်သည်။

ရေစကြိုမြို့နယ်၊ ကျေးရွာများတွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပူးပေါင်း၍ ကျေးရွာလူထုစည်းဝေးပွဲများပြုလုပ်ပြီး ရပ်/ကျေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)အဖွဲ့များ ရွေးကောက်ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားသည်။

“ရပ်ကျေး ပကဖကတော့ ရပ်ရွာ ကာကွယ်ရေးလုပ်နိုင်တဲ့သူပေါ့။ မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်မယ့် ကာကွယ်ရေးသမားတွေ ဖွဲ့တာပေါ့။ ရပ်ရွာကာကွယ်ရေးဆိုတော့ ရပ်ရွာနဲ့ ဆိုင်တာပေါ့။ ရပ်ရွာလုံခြုံရေး၊ ကာကွယ်ရေးအတွက် ဆောင်ရွက်ရတာပေါ့။ အဲဒီလိုမျိုးဆောင်ရွက်နိုင်တဲ့သူပေါ့။ စစ်ပညာ သင်ကြားလိုတဲ့သူ ၊ ကျန်းမာရေးကောင်မွန်တဲ့သူတွေနဲ့ ဖွဲ့တာပေါ့”ဟု ရေစကြိုမြို့နယ်(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်ရေးလုပ်ငန်းဖြစ်၍ ကျေးရွာများရှိ ပြည်သူလူထု ၏ ဆန္ဒနှင့်အညီ ရွေးချယ်ခြင်းဖြစ်ကြောင်း မြို့နယ်(ပအဖ) ဒုတာဝန်ခံလည်းဖြစ်သူ ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ကို အုပ်ချုပ်စီမံတဲ့သူ ဖြစ်တဲ့အတွက်လေ။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဒီမိုကရေစီ စနစ်ကို သွားချင်တာ။ သွားချင်တော့ ဒီမိုကရေစီ အစိုးရအမျိုးသားညီညွတ်ရေးအစိုးရကလည်း ညွှန်ကြားထားတာရှိတာကိုး။ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးပေါ့ ရပ်ကျေးအဖွဲ့တွေ ဖွဲ့စည်းတဲ့အခါ အများပြည်သူရဲ့ ဆန္ဒနဲ့ရွေးချယ်တင်မြှောက်သော ပုဂ္ဂိုလ်သာ၊ ကျေးရွာနေ ပြည်သူ လူထုက အာဏာအပ်နှင်းသော ပုဂ္ဂိုလ်သာ အုပ်ချုပ်ရေးတာဝန်ခံအဖြစ် ရွေးချယ်ရမယ်ဆိုတော့ ကျွန်တော်တို့ အဲဒီမူတွေနဲ့ ရွေးတာဗျ”ဟု ရဲဘော်ဝေကြီးက ရှင်းပြသည်။

ထိုသို့ ဖွဲ့စည်းရာတွင် ရေစကြိုမြို့နယ်ရှိ ကျေးရွာအများစုကို လွှမ်းခြုံ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ရေစကြိုဒေသသည် စစ်အာဏာရှင် ခုခံတော်လှန်ရေးအားကောင်းသည့်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်များကလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် ရေစကြိုနယ်ရှိ ကျေးရွာအများအပြားကိုလည်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။ စစ်ကောင်စီအနေဖြင့် ၎င်းတို့ကို ဆန့်ကျင်သည့် ဒေသများ၌ ထိုသို့ ပြည်သူလူထုအပေါ် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လေ့ရှိသည်။

“ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံးဝအုပ်ချုပ်ခွင့် မရစေရ။ ရေစကြိုမြို့နယ်ကို မိမိတို့ရေစကြိုပြည်သူလူထုကိုယ်တိုင် ကာကွယ်စောင့်ရှောက်ကြမည်”ဟု ရေစကြို(ပအဖ)က ယနေ့ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ဒီကနေ့အထိ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနေဆဲဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကေရစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အလှည့်ကျ သဘာပတိ ခူဦးရယ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုနှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အစပ်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွာသား ၁၀ဦးခန့်နှင့် ဘုန်းကြီးတစ်ပါး သတ်ဖြတ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)တာဝန်ခံ ကိုနွေဦးက ပြောသည်။

သတင်း

မကွေးတိုင်း၊ မြိုင်၊ ပေါက်နှင့် ရေစကြိုမြို့နယ်တို့ရှိ ရေနံမှော်နှင့် ကျေးရွာ ၉ရွာအား စစ်ကောင်စီက ယမန်နေ့ည ၁နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၈ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။