Connect with us

Hi, what are you looking for?

သတင်း

ဖားအံထဲမှ ရွာတစ်ရွာတွင်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးထိခိုက်

“ကားက (၁၀)စီးလောက်ရှိတယ်၊ စစ်သားလည်းပါတယ်၊ သေနတ်မိုးပေါ်ထောင်ပြီးပစ်တာ၊ စိတ်လှုပ်ရှားပြီး ကြောက်လို့ ပေါ်တင်မကြည့်ရဲဘူး” ဟု ဒေသခံတစ်ဦးမှပြောသည်။

ဖားအံထဲမှ ရွာတစ်ရွာတွင်လက်နက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးထိခိုက်
ဖားအံထဲမှ ရွာတစ်ရွာတွင်လက်နက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးထိခိုက်

ကရင်အမျိုးအစည်းအရုံး ဖားအံခရိုင် ဒုံရင်းမြို့နယ် ကော့ပရံကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်မှုကြောင့် ကလေးသုံးဦးအပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ(၁၂)ရက် နံနက်ကိုးနာရီခွဲဝန်းကျင်၌ ဇာသပြင်ဘက်မှ ဖားအံသို့ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းသည် ကေအဲန်ယူ-ဒုံရင်းမြို့နယ် မောက်မောက်လာကျေးရွာကနေ ကော့ပရံကျေးရွာ လမ်းမကြီးတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကားက (၁၀)စီးလောက်ရှိတယ်၊ စစ်သားလည်းပါတယ်၊ သေနတ်မိုးပေါ်ထောင်ပြီးပစ်တာ၊ စိတ်လှုပ်ရှားပြီး ကြောက်လို့ ပေါ်တင်မကြည့်ရဲဘူး” ဟု ဒေသခံတစ်ဦးမှပြောသည်။

ထိုပစ်ခတ်မှုတွင် ကောက်စိုက်ရာမှပြန်လာအနားယူသည့် မူးကဝါရွာသားတစ်ဦးလည်း ထိခိုက်ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“မူးကဝါမှာ အဖွားတစ်ယောက်ကျည်ထိတယ်၊ တင်ပါးမှာထိတယ်ပေါ့နော်၊ အဖွားက ကောက်စိုက်ပြီး ပြန်လာအနားယူတုန်းထိတာ၊ အခုလောလောဆယ်တော့ ဆေးရုံပို့ထားတယ်၊ အဖွဲ့ရဲ့ အခြေအနေ မသိရသေးဘူးပေါ့နော်” ဒေသခံတစ်ဦးကလည်း ပြောသည်။

ထို့အပြင် ပစ်ခတ်မှုအတွင်း မောက်မောက်လာလာကျေးရွာမှလည်း ရွာသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ကျည်ထိမှန်ကြောင်း၊ အလကကော့ပရံစာသင်ကျောင်းလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အနည်းငယ်ပျက်စီးဆုံးရှုံးမှုရှိကြောင်း ရွာသားတစ်ဦးက ပြောကြားကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုဖြစ်ပြီးနောက် ထုံးအိုင်ရဲစခန်းမှ ရဲများလာရောက်စစ်ဆေးကြောင်းနှင့် စစ်ကောင်စီဘက်မှ မည်သည့်တပ်ရင်းတပ်မဘက်က ပစ်ခတ်ကြောင်း မသိရသေးဘူးဟု ကေအဲန်ယူမှ ထုတ်ပြန်သည်။

ထိုပစ်ခတ်မှုဖြစ်စဉ်တွင်း ဖားအံ-ဇာသပြင် လမ်းမကြီးအနီးအနားရွာမှ လူကြီးနှစ်ဦး၊ ကလေးသုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအတိအကျကို မြို့နယ်တာဝန်ရှိသူများက ဆက်လက်အတည်ပြုရယူနေကြောင်း သိရသည်။

ကော့ပရံကျေးရွာသည် KNU ဖားအံခရိုင် ဒုံရင်းမြို့နယ် မော်လမြိုင်-ဖားအံ ကားလမ်းမကြီးဘေးတွင်တည်ရှိပြီး စစ်အာဏာသိမ်းပြီးမှ ယမန်နေ့ပစ်ခတ်မှုမဖြစ်ခင်အထိ အေးအေးချမ်းချမ်းရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။