Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်း MEC သကြားစက်ရုံရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

တိုက်ခိုက်မှုအတွင်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ​ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား Kanbalu Underground Warriors ၊ MPF U-18 ၊ PLGF ၊ လင်းယုန်နီ ကန့်ဘလူအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)
(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်း MEC သကြားစက်ရုံ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း လင်းယုန်နီ ကန့်ဘလူအဖွဲ့၏ တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နံနက် ၉ နာရီခန့်က ဇီးကုန်း MEC သကြားစက်ရှိ ကင်းစောင့်စစ်ကောင်စီတပ်သားများကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်း၍ ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီကန့်ဘလူအဖွဲ့၏ တာဝန်ခံက ပြောသည်။

(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)
(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်လာရာ မိနစ်၂၀ခန့် အပြန်လှန်ပစ်ခက်ခဲ့​ကြကြောင်း၊ ဖြစ်စဥ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း လင်းယုန်နီကန့်ဘလူအဖွဲ့၏ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ လင်းယုန်နီကန့်ဘလူအဖွဲ့၏ တာဝန်ခံက “မနက်စောကတည်းက ပြင်ဆင်ကြရပါတယ်။ ၉နာရီလောက်မှာ mission စတာပါ။ ဒရုန်းနဲ့ ကျဲချလိုက်တာက ထိခိုက်တာဗျ။ ပြီးမှ ထွက်လာပြီး ပစ်ကြတာ။ မစ်ရှင်သွားလုပ်တော့ သတင်းပေါက်သွားတယ်ဗျ။ ကျွန်တော်တို့သွားတဲ့လမ်းကြောင်းကို သေချာ ပြင်ဆင်ချိန်မရလိုက်တော့ အဖြစ်ပဲ လုပ်ခဲ့ရတယ်ဗျ။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားမှုကို တက်နိုင်သလောက် ထိန်းပေးဖို့ပါဗျ။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)
(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)

အဆိုပါ စက်ရုံအတွင်းရှိ စစ်ကောင်စီတပ်သားများသည် ခရီးသွားပြည်သူများအပေါ် မှတ်ပုံတင်ကအစ ခရီးသွားထောက်ခံစာအဆုံး စစ်ဆေးပြီး အကြောင်းအမျိုးမျိုးပြကာ ခြိမ်းခြောက်ငွေတောင်းခံလေ့ရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့အပြင် ပျူစောထီးများလည်း လာရောက်စတည်းချလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)
(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)

တိုက်ခိုက်မှုအတွင်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ​ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား Kanbalu Underground Warriors ၊ MPF U-18 ၊ PLGF ၊ လင်းယုန်နီ ကန့်ဘလူအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဇီးကုန်း MEC သကြားစက်ရုံရှိ စစ်ကောင်စီတပ်များအား ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်ကလည်း တစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။