Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဇီးကုန်း MEC သကြားစက်ရုံရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

တိုက်ခိုက်မှုအတွင်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ​ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား Kanbalu Underground Warriors ၊ MPF U-18 ၊ PLGF ၊ လင်းယုန်နီ ကန့်ဘလူအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)
(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်း MEC သကြားစက်ရုံ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း လင်းယုန်နီ ကန့်ဘလူအဖွဲ့၏ တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နံနက် ၉ နာရီခန့်က ဇီးကုန်း MEC သကြားစက်ရှိ ကင်းစောင့်စစ်ကောင်စီတပ်သားများကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်း၍ ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီကန့်ဘလူအဖွဲ့၏ တာဝန်ခံက ပြောသည်။

(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)
(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်လာရာ မိနစ်၂၀ခန့် အပြန်လှန်ပစ်ခက်ခဲ့​ကြကြောင်း၊ ဖြစ်စဥ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း လင်းယုန်နီကန့်ဘလူအဖွဲ့၏ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ လင်းယုန်နီကန့်ဘလူအဖွဲ့၏ တာဝန်ခံက “မနက်စောကတည်းက ပြင်ဆင်ကြရပါတယ်။ ၉နာရီလောက်မှာ mission စတာပါ။ ဒရုန်းနဲ့ ကျဲချလိုက်တာက ထိခိုက်တာဗျ။ ပြီးမှ ထွက်လာပြီး ပစ်ကြတာ။ မစ်ရှင်သွားလုပ်တော့ သတင်းပေါက်သွားတယ်ဗျ။ ကျွန်တော်တို့သွားတဲ့လမ်းကြောင်းကို သေချာ ပြင်ဆင်ချိန်မရလိုက်တော့ အဖြစ်ပဲ လုပ်ခဲ့ရတယ်ဗျ။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့တော်လှန်ရေး အင်အားစုတွေ လှုပ်ရှားမှုကို တက်နိုင်သလောက် ထိန်းပေးဖို့ပါဗျ။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)
(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)

အဆိုပါ စက်ရုံအတွင်းရှိ စစ်ကောင်စီတပ်သားများသည် ခရီးသွားပြည်သူများအပေါ် မှတ်ပုံတင်ကအစ ခရီးသွားထောက်ခံစာအဆုံး စစ်ဆေးပြီး အကြောင်းအမျိုးမျိုးပြကာ ခြိမ်းခြောက်ငွေတောင်းခံလေ့ရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့အပြင် ပျူစောထီးများလည်း လာရောက်စတည်းချလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)
(အသုံးပြုခဲ့သော ဒရုန်းနှင့်မိုင်းများနှင့် စက်တင်ဘာလ ၆ ရက်က MEC သကြားစက်အား ဝေဟင်မှ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့စဥ်၊ ဓာတ်ပုံ-လင်းယုန်နီကန့်ဘလူ)

တိုက်ခိုက်မှုအတွင်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ​ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးအား Kanbalu Underground Warriors ၊ MPF U-18 ၊ PLGF ၊ လင်းယုန်နီ ကန့်ဘလူအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဇီးကုန်း MEC သကြားစက်ရုံရှိ စစ်ကောင်စီတပ်များအား ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်ကလည်း တစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။