Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် (ပအဖ) ကြေညာ

စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်များတွင်လည်း Non CDM ဝန်ထမ်းများ အမြန်ဆုံးအလင်းဝင်ရန် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်ထားသည်။

စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် (ပအဖ) ကြေညာ
စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် (ပအဖ) ကြေညာ

မလိုက်နာပါက ပြည်သူ့တရားစီရင်ရေးနှင့်အညီ အရေးယူမည်ဟု သတိပေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဌာနဆိုင်ရာ အသီးသီးမှ Non CDMဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ (စက်တင်ဘာ ၂၄ရက်) ကြေညာချက် ထုတ်ပြန်သည်။

Non CDM ဝန်ထမ်းများသည် အမျိုးသာညီညွတ်ရေးအစိုးရထံ ပူးပေါင်းခြင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံခြင်း ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲခြင်း မပြုဘဲ စစ်ကောင်စီ အလိုကျ တာဝန်ထမ်းဆောင်နေခြင်းများ ရှိနေဆဲဖြစ်ကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်နေခြင်းသည် ပြည်သူလူထုအား အနိုင်ကျင့် နှိပ်စက်ရန် အားပေးကူညီခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဆက်လက် တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ ပြည်သူ့ထံသို့ အလင်းဝင်ရောက်ရန် ယခု အမိန့်ကြေညာချက်ဖြင့် အသိပေးလိုက်ကြောင်း ၊ ကြေညာချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်သူ့ တရားစီရင်ရေး ၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်များတွင်လည်း Non CDM ဝန်ထမ်းများ အမြန်ဆုံးအလင်းဝင်ရန် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။