Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် (ပအဖ) ကြေညာ

စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်များတွင်လည်း Non CDM ဝန်ထမ်းများ အမြန်ဆုံးအလင်းဝင်ရန် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်ထားသည်။

စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် (ပအဖ) ကြေညာ
စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် (ပအဖ) ကြေညာ

မလိုက်နာပါက ပြည်သူ့တရားစီရင်ရေးနှင့်အညီ အရေးယူမည်ဟု သတိပေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဌာနဆိုင်ရာ အသီးသီးမှ Non CDMဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ (စက်တင်ဘာ ၂၄ရက်) ကြေညာချက် ထုတ်ပြန်သည်။

Non CDM ဝန်ထမ်းများသည် အမျိုးသာညီညွတ်ရေးအစိုးရထံ ပူးပေါင်းခြင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံခြင်း ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲခြင်း မပြုဘဲ စစ်ကောင်စီ အလိုကျ တာဝန်ထမ်းဆောင်နေခြင်းများ ရှိနေဆဲဖြစ်ကြောင်း၊ ထိုသို့ တာဝန်ထမ်းဆောင်နေခြင်းသည် ပြည်သူလူထုအား အနိုင်ကျင့် နှိပ်စက်ရန် အားပေးကူညီခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဆက်လက် တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ ပြည်သူ့ထံသို့ အလင်းဝင်ရောက်ရန် ယခု အမိန့်ကြေညာချက်ဖြင့် အသိပေးလိုက်ကြောင်း ၊ ကြေညာချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြည်သူ့ တရားစီရင်ရေး ၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်များတွင်လည်း Non CDM ဝန်ထမ်းများ အမြန်ဆုံးအလင်းဝင်ရန် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

Facebook