Connect with us

Hi, what are you looking for?

သတင်း

နတ္တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်မှုရှိ

အကြမ်းဖက်စစ်ကောင်စီတပ်များသည် နတ္တလင်းမြို့နယ်ရှိ တောင်ညိုဆည်အား အခြေပြုကာ အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ ပေါ်တာဆွဲခြင်းအပါအဝင် ပြည်သူလူထုအား ဖမ်းဆီးစစ်ဆေးခြင်းများလုပ်ဆောင်လျှက်ရှိသည်။

နတ္တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်မှုရှိ
နတ္တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်မှုရှိ

ပဲခူးတိုင်း နတ္တလင်းမြို့နယ် ကြက်မနက်ကျေးရွာမှ ညောင်လေးပင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တစ်ရက်ထဲ သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)တပ်ခွဲ (၂)Phoenix DF က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၃ ရက်)နံနက် ၁၀ နာရီခွဲခန့်က နတ္တလင်းမြို့နယ် ကြက်မနက်ကျေးရွာမှ ညောင်လေးပင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား (၅၀)ခန့်ပါ စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၁)Zigon PDF နှင့် တပ်ခွဲ (၂)Phoneix DF တို့ပူးပေါင်းပြီး ပဒေသာမိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း Phoneix DF က ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ယင်းနေ့နေ့လယ် ၁ နာရီကျော်ခန့်ကလည်း ထပ်မံစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား PDF ပူးပေါင်းတပ်မှ ပဒေသာမိုင်းဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မိုင်းဆွဲတာ တော့သုံးကြိမ်ပေါ့နော်။ ပြည်သူတွေကိုတော့ ပေါ်တာဆွဲတာ အလောင်းနဲ့ ဒဏ်ရာရတွေကိုထမ်းခိုင်းတာရှိတယ်။ ဖမ်းတာ မဟုတ်ဘူး။ ပေါ်တာဆွဲတာ အလုပ်ခိုင်းတာပေါ့”ဟု သာယာဝတီခရိုင် PDF တပ်ခွဲ (၂)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် နတ္တလင်းမြို့နယ်ရှိ တောင်ညိုဆည်အား အခြေပြုကာ အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ ပေါ်တာဆွဲခြင်းအပါအဝင် ပြည်သူလူထုအား ဖမ်းဆီးစစ်ဆေးခြင်းများလုပ်ဆောင်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

PJပတ်စပို့စ်ကိုင်ဆောင်သူများ ပြည်ပထွက်ခွင့် ပိတ်၊ ၅ရက်ကြို ခွင့်ပြုချက်တင်ရမည်ဟု ဆို

သတင်း

နေ့စဉ်နဲ့အမျှ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီက ရန်ကုန်မြို့မှာ သင်္ကြန်ပွဲတော်အတွက် စတင်ပြင်ဆင်နေပါပြီ။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား စစ်ကောင်စီတပ်က မီးလောင်ဗုံးများဖြင့်ဆက်လက်တိုက်ခိုက်နေပြီး ဖယ်ခုံမြို့ပေါ် နေအိမ်များကိုလည်း မီးရှို့နေကြောင်း ဒေသတွင်းစစ်ဘက် သတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကာကွယ်ရေးအတွက် စစ်ကောင်စီက အင်အားတိုးမြှင့်နေပြီး လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှုများရှိနေ၍ ဒေသခံပြည်သူများ စစ်ရေးသတိပြုကြရန် အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးသည်။

Facebook