Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်ရှိ သီးချောင်းရွာ စစ်ကောင်စီတပ် မီးရှို့၍ ရွာလုံးကျွတ်နီးပါးပြာကျ

သီးချောင်းကျေးရွာနေ ပြည်သူများမှာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်ပျောက်ဆုံးသူများလည်း ရှိနေကြောင်း၊ ရွာပြန်မကပ်နိုင်သေး၍ မီးလောင်အိမ်ခြေအတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

သီးချောင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj
သီးချောင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ သီးချောင်းကျေးရွာအား စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်တဲများကိုပါ ရှာ၍ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၂ ရက်က စစ်ကောင်စီတပ်သားများနှင့် ပျူေစာထီးများသည် ပေါက်မြို့နယ်၊ သီးချောင်းကျေးရွာကို အင်အား အလုံးအရင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။ ထို့နောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယမန်နေ့ (အောက်တိုဘာ ၁၃ ရက်) တွင်လည်း ထပ်မံဝင်ရောက်မီးရှို့ခဲ့၍ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များ၏ တဲများကိုပင် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျားပစ်ကန် အနောက်ဘက်က ရှားတော ထဲက စစ်ဘေးရှောင်တဲများကိုလည်း မီးရှို့သွားတယ်။ စစ်ဘေးရှောင် ပြည်သူတွေရဲ့ တဲများကို လိုက်ရှာပြီးကို ရှို့သွားတာ။”ဟု ပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

သီးချောင်းကျေးရွာနေ ပြည်သူများမှာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်ပျောက်ဆုံးသူများလည်း ရှိနေကြောင်း၊ ရွာပြန်မကပ်နိုင်သေး၍ မီးလောင်အိမ်ခြေအတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ သြဂုတ် ၂၅ ရက်အထိ မကွေးတိုင်းတွင် အိမ်ပေါင်း ၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းပြီးလျှင် ဒုတိယအများဆုံးဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။