Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ်ရှိ သီးချောင်းရွာ စစ်ကောင်စီတပ် မီးရှို့၍ ရွာလုံးကျွတ်နီးပါးပြာကျ

သီးချောင်းကျေးရွာနေ ပြည်သူများမှာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်ပျောက်ဆုံးသူများလည်း ရှိနေကြောင်း၊ ရွာပြန်မကပ်နိုင်သေး၍ မီးလောင်အိမ်ခြေအတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

သီးချောင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj
သီးချောင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ သီးချောင်းကျေးရွာအား စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်တဲများကိုပါ ရှာ၍ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၂ ရက်က စစ်ကောင်စီတပ်သားများနှင့် ပျူေစာထီးများသည် ပေါက်မြို့နယ်၊ သီးချောင်းကျေးရွာကို အင်အား အလုံးအရင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည်။ ထို့နောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယမန်နေ့ (အောက်တိုဘာ ၁၃ ရက်) တွင်လည်း ထပ်မံဝင်ရောက်မီးရှို့ခဲ့၍ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များ၏ တဲများကိုပင် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကျားပစ်ကန် အနောက်ဘက်က ရှားတော ထဲက စစ်ဘေးရှောင်တဲများကိုလည်း မီးရှို့သွားတယ်။ စစ်ဘေးရှောင် ပြည်သူတွေရဲ့ တဲများကို လိုက်ရှာပြီးကို ရှို့သွားတာ။”ဟု ပေါက်တောင်ပိုင်း ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

သီးချောင်းကျေးရွာနေ ပြည်သူများမှာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိခိုက်ပျောက်ဆုံးသူများလည်း ရှိနေကြောင်း၊ ရွာပြန်မကပ်နိုင်သေး၍ မီးလောင်အိမ်ခြေအတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ သြဂုတ် ၂၅ ရက်အထိ မကွေးတိုင်းတွင် အိမ်ပေါင်း ၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းပြီးလျှင် ဒုတိယအများဆုံးဖြစ်နေသည်။