Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်က ကြက်ဆူအိုင့် ရွာ၌ ညအိပ်ပြီးနောက် နေအိမ်လေးလုံးမီးရှို့ဖျက်ဆီးသွား

စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မြိုင်(ပကဖ)အဖွဲ့က မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

(ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ-We Love Myaing)
(ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ-We Love Myaing)

မကွေးတိုင်း ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

မီးရှို့ခဲ့သော စစ်ကောင်စီတပ်သည်စက်တင်ဘာ ၂၅ ရက် ညက ကြက်ဆူအိုင့်ကျေးရွာ၌ ညအိပ်ခဲ့ပြီးနောက် ယမန်နေ့(စက်တင်ဘာ ၂၆ ရက်)နံနက် ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးကာ ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ-We Love Myaing)
(ကြက်ဆူအိုင့်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ-We Love Myaing)

ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးသွားခဲ့သည့် စစ်ကောင်စီတပ်များသည် နံနက် ၉ နာရီခန့်တွင် ထွက်ခွာသွားပြီးနောက် သရက်ကန်ရွာနှင့် ကြက်ဆူအိုင့်ရွာကြား အာဆီယံလမ်းဘေးရှိ ရေနှံမှော်များကို ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း၊ ညနေ ၄ နာရီခွဲခန့်တွင် သရက်ကန်ရွာအတွင်းသို့ဝင်ရောက်သွားကြောင်း နယ်ခံများက ပြောသည်။

“စစ်ကြောင်းကဘယ်ကို ဆက်ထွက်မလဲဆိုတာခန့်မှန်းရခက်တာကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကြောင်းသတင်းများကို နားစွင့်ပြီး အထူးသတိထားရှောင်ရှားကြဖို့ အသိပေးအပ်ပါတယ်။” ဟု We Love Myaing အဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၅ ရက်နံနက်ပိုင်းက မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မြိုင်(ပကဖ)အဖွဲ့က မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေ၍ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။