Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သိမ်းထားသည့် ကပစကားများ​ပေါ်မှကုန်ကြမ်းပစ္စည်းများဖြင့်မိုင်းနှင့်လက်နက်ကြီးထုတ်လုပ်

The Youth Force- Saw & Kyaukhtu အဖွဲ့သည် NUG ကာကွယ်ရေးဝန်ကြီးလက်အောက်ခံ တပ်ဖွဲ့တစ်ခုအဖြစ် လျောက်ထားဆဲဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

စစ်​ကောာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ကြီးထုတ်လုပ်​သောကုန်ကြမ်းပစ္စည်းများ။ဓါတ်ပုံ-The Youth Force (​ဆောနှင့်​ကျောက်ထု)
စစ်​ကောာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ကြီးထုတ်လုပ်​သောကုန်ကြမ်းပစ္စည်းများ။ဓါတ်ပုံ-The Youth Force (​ဆောနှင့်​ကျောက်ထု)

▪︎ပိုမိုထုတ်လုပ်နိုင်ရန် ပြည်သူများအကူအညီ​ပေးရန်မေတ္တာရပ်ခံ

စစ်ကောင်စီတပ်၏ ကာကွယ်​ရေးပစ္စည်းစက်ရုံ(ကပစ)အတွက်ကုန်ကြမ်းသယ်လာ​​သောကားများကိုတိုက်ခိုက်သိမ်းဆည်းရရှိထားသည့် ကုန်ကြမ်းပစ္စည်းများဖြင့် မိုင်းနှင့် တာဝေးပစ်လက်နက်ကြီးများကိုထုတ်လုပ်​နေ​ကြောင်းThe Youth Force (​​ဆော နှင့်​ကျောက်ထု)အဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

“လက်နက်ကြီးတွေက စမ်းသပ်ထုတ်လုပ်ဆဲပါဗျ၊ မိုင်းကိုပဲ အဓိက ထုတ်လုပ်အသုံးပြုတာပါ”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

မိုင်းအလုံး ၂၀၀ ထုတ်လုပ်ပြီးဖြစ်ပြီး လက်နက်ကြီးကိုစမ်းသပ်ထုတ်လုပ်ဆဲဖြစ်ကာ ဆက်လက်ထုတ်လုပ်ရန်အတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိူင်ရန် ငွေကြေးလိုအပ်နေခြင်းကြောင့် ပြည်သူများထံ အကူအညီတောင်းခံ​ကြောင်းလည်းအဆိုပါတာဝန်ရှိသူကပြောသည်။

မဟာမိတ်တပ်ဖွဲ့များနှင့် ၎င်းတို့အဖွဲ့သည် မိုင်းများနှင့် လက်နက်ကြီးထုတ်လုပ်ရာတွင် ကပစ ကားများသိမ်းဆည်းရခဲ့စဉ်က ရရှိထားသည့် ကုန်ကြမ်းပစ္စည်းများကို အဓိက အသုံးပြုခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

The Youth Force- Saw & Kyaukhtu အဖွဲ့သည် NUG ကာကွယ်ရေးဝန်ကြီးလက်အောက်ခံ တပ်ဖွဲ့တစ်ခုအဖြစ် လျောက်ထားဆဲဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

သရက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် – ၁၂ မှ လာသည့် ယာဉ်တန်းကို ၂၀၂၂ ဧပြီ၆ ရက် ညနေ ၅ နာရီခန့်က ပေါက်မြို့နယ် ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ ရှားပင်ရေကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထို​နောက်ဗိုလ်ကြီးအပါအဝင် ၇ ဦးကို ​သေနတ ၇ လက်နဲ့အတူ ကား​ပေါ်က လက်နက်ကြီးထုတ်လုပ်မယ့် ကုန်ကြမ်းပစ္စည်း​တွေကိုပါ PDF​တွေကဖမ်းဆီးသိမ်းယူခဲ့သည်။ပေါက်မြို့နယ် ကပစ-၂၄ သို့ သွားမည့် ယာဉ်များပေါ်တွင် ၆၀ မမ၊ ၈၁ မမ မော်တာဗုံးသီးကုန်ကြမ်းများလည်းသိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

သတင်း

ဆက်လက်၍ ၎င်းက “ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကျွန်​တော်တို့ လုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်တွေက ကြိုဆိုစရာမရှိသလို နဲ့ လက်ခံနိုင်စရာလည်း မရှိပါဘူး။”ဟုသတင်းစာရှင်းလင်းပွဲတွင်​ပြောသည်။