Connect with us

Hi, what are you looking for?

သတင်း

သိမ်းထားသည့် ကပစကားများ​ပေါ်မှကုန်ကြမ်းပစ္စည်းများဖြင့်မိုင်းနှင့်လက်နက်ကြီးထုတ်လုပ်

The Youth Force- Saw & Kyaukhtu အဖွဲ့သည် NUG ကာကွယ်ရေးဝန်ကြီးလက်အောက်ခံ တပ်ဖွဲ့တစ်ခုအဖြစ် လျောက်ထားဆဲဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

စစ်​ကောာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ကြီးထုတ်လုပ်​သောကုန်ကြမ်းပစ္စည်းများ။ဓါတ်ပုံ-The Youth Force (​ဆောနှင့်​ကျောက်ထု)
စစ်​ကောာင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော လက်နက်ကြီးထုတ်လုပ်​သောကုန်ကြမ်းပစ္စည်းများ။ဓါတ်ပုံ-The Youth Force (​ဆောနှင့်​ကျောက်ထု)

▪︎ပိုမိုထုတ်လုပ်နိုင်ရန် ပြည်သူများအကူအညီ​ပေးရန်မေတ္တာရပ်ခံ

စစ်ကောင်စီတပ်၏ ကာကွယ်​ရေးပစ္စည်းစက်ရုံ(ကပစ)အတွက်ကုန်ကြမ်းသယ်လာ​​သောကားများကိုတိုက်ခိုက်သိမ်းဆည်းရရှိထားသည့် ကုန်ကြမ်းပစ္စည်းများဖြင့် မိုင်းနှင့် တာဝေးပစ်လက်နက်ကြီးများကိုထုတ်လုပ်​နေ​ကြောင်းThe Youth Force (​​ဆော နှင့်​ကျောက်ထု)အဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

“လက်နက်ကြီးတွေက စမ်းသပ်ထုတ်လုပ်ဆဲပါဗျ၊ မိုင်းကိုပဲ အဓိက ထုတ်လုပ်အသုံးပြုတာပါ”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

မိုင်းအလုံး ၂၀၀ ထုတ်လုပ်ပြီးဖြစ်ပြီး လက်နက်ကြီးကိုစမ်းသပ်ထုတ်လုပ်ဆဲဖြစ်ကာ ဆက်လက်ထုတ်လုပ်ရန်အတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိူင်ရန် ငွေကြေးလိုအပ်နေခြင်းကြောင့် ပြည်သူများထံ အကူအညီတောင်းခံ​ကြောင်းလည်းအဆိုပါတာဝန်ရှိသူကပြောသည်။

မဟာမိတ်တပ်ဖွဲ့များနှင့် ၎င်းတို့အဖွဲ့သည် မိုင်းများနှင့် လက်နက်ကြီးထုတ်လုပ်ရာတွင် ကပစ ကားများသိမ်းဆည်းရခဲ့စဉ်က ရရှိထားသည့် ကုန်ကြမ်းပစ္စည်းများကို အဓိက အသုံးပြုခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

The Youth Force- Saw & Kyaukhtu အဖွဲ့သည် NUG ကာကွယ်ရေးဝန်ကြီးလက်အောက်ခံ တပ်ဖွဲ့တစ်ခုအဖြစ် လျောက်ထားဆဲဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

သရက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် – ၁၂ မှ လာသည့် ယာဉ်တန်းကို ၂၀၂၂ ဧပြီ၆ ရက် ညနေ ၅ နာရီခန့်က ပေါက်မြို့နယ် ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ ရှားပင်ရေကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ထို​နောက်ဗိုလ်ကြီးအပါအဝင် ၇ ဦးကို ​သေနတ ၇ လက်နဲ့အတူ ကား​ပေါ်က လက်နက်ကြီးထုတ်လုပ်မယ့် ကုန်ကြမ်းပစ္စည်း​တွေကိုပါ PDF​တွေကဖမ်းဆီးသိမ်းယူခဲ့သည်။ပေါက်မြို့နယ် ကပစ-၂၄ သို့ သွားမည့် ယာဉ်များပေါ်တွင် ၆၀ မမ၊ ၈၁ မမ မော်တာဗုံးသီးကုန်ကြမ်းများလည်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook