Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်၌ အောက်တိုဘာဒုတိယပတ်အတွင်း တိုက်ပွဲများ ဆက်ဖြစ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းအချို့ KNU သိမ်းဆည်းရရှိ

စစ်ကောင်စီတပ်ကလည်း ဒေသခံများ ရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍အရပ်သား ပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

(KNU ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)
(KNU ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ၌ အောက်တိုဘာ ဒုတိယ ပတ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်းKNU သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ(၅)နယ်မြေ၌ အောက်တိုဘာ ၁၁ ရက်မှ ၁၃ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို ကရင်ဘာသာဖြင့် ထုတ်ပြန်ထားရာ KNU သတင်းရင်းမြစ်က ပြန်လည်ရှင်းပြခြင်းဖြစ်သည်။

” ဒီအတောအတွင်း တိုက်ပွဲတွေလည်းဖြစ်တယ်။ ဖြစ်တော့ စစ်တပ်ဘက်က ၇ယောက်သေတာပေါ့။ ၂ယောက်ဒဏ်ရာရတာပေါ့။ တိုက်ပွဲတွေ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တာ။ ဒွယ်လိုမြို့နယ်မှာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ကလည်း ဒေသခံများ ရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍အရပ်သား ပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၂ရက်တိုက်ပွဲတွင် ရန်သူ့ဘက် က လေးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ အောက်တိုဘာ ၁၁ရက်တိုက်ပွဲ၌ ရန်သူ့ဘက်က သုံးဦးသေဆုံးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

” အဲဒီမှာ ရန်သူ့ဆီက AK တစ်လက်ရယ်။ နောက် ပြီးတော့ စကားပြောစက်နှစ်လုံးရယ်ရတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် RPG ကျည် ၂လုံးနှင့် (၇၉) မမ ကျည် ၆ လုံးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်ကျည်အချို့ ရရှိခဲ့သည်ဟု ဆိုသည်။

ဖာပွန်ခရိုင်တွင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ကို တပ်မဟာ (၅)ရဲဘော်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။