Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ ပြည်သူများမိုးရွာထဲ ထွက်ပြေးနေရ

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၃ ရက် က မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ကျေးရွာ၊ ကျားပစ်ကန် အနောက်ဘက်ရှိ စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ခဲ့သည်။

မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj
မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj

▪️စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ထား

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းပါမချန် မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများအား သတ်ဖြတ်နေ၍ ကျေးရွာ ၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အောက်တိုဘာလ ၁၃ ရက်ကတည်းက ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ ဖျက်ဆီးမှုများပြုလုပ်နေသော စစ်ကောင်စီတပ်သည် ယနေ့ (အောက်တိုဘာလ ၁၇ ရက်)နံနက်ပိုင်းက ဝန်လဲရွာနှင့် တောင်မြင့်ရွာဘက်သို့ စစ်ကြောင်းထိုးလာ၍ ပြည်သူများ မိုးရွာနေသည့်ကြားက ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj
မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj

“မနေ့ညက ပန်းတော်ကန်မှာ ညအိပ်တဲ့ ​ွေး စစ်ကြောင်းဟာဝန်လဲ၊ တောင်မြင့်ရွာတွေကိုစစ်ကြောင်းထိုးသွားတယ်ဟု သိရတယ်။ပန်းတော်ကန်ရွာ ဝန်လဲရွာ သဖန်းခြောက်ရွာစတဲ့အနီးနား ပြည်သူများမှာမိုးထဲရေထဲ ရှောင်တိမ်းနေရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် တောင်မြင့်ရွာနှင့် သစ်ညီနောင်ရွာကြားတွင် အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးကို ခြေလက်ခေါင်းများဖြတ် ကာ ခန္ဓာကိုယ်အား ခြံစည်းရိုးတွင် ချိတ်ထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၃ ရက် က မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း သီးချောက်ကျေးရွာ၊ ကျားပစ်ကန် အနောက်ဘက်ရှိ စစ်ဘေးရှောင်တဲများကိုပါ မီးရှို့ခဲ့သည်။

မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj
မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj

အောက်တိုဘာလ ၁၄ ရက်တွင် ပသီးချောက်ရွာ ဘုန်ကြီးကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး အများပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း၊ စစ်ကောင်စီတပ်နှင့်ပျူများသည် ကျေးရွာများမှ စားနပ်ရိက္ခာများ ၊တန်ဖိုးရှိပစ္စည်းများအား ခြိမ်းခြောက်သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

ယမန့်အောက်တိုဘာ ၁၆ ရက်ကလည်း ကျားပစ်ကန်ရွာ၌ ပစ်ခတ်ဖမ်း​ဆီးမှုများပြုလုပ်ခဲ့ပြီးရွာရှိ ပြည်သူများထံမှ ရွှေငွေ လက်ဝတ်ရတနာ၊ဖုန်းနှင့် တန်ဖိုးကြီးပစ္စည်းများ သိမ်းယူသွားသည်ဟု ဒေသခံတို့က ပြောသည်။

ယခုလက်ရှိ စစ်ကောင်စီစစ်ကြောင်းသည် ပန်းတော်ကန်ရွာ၌ ပြန်လည်ရောက်ရှိနေကြောင်း ပေါက်မြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။