Connect with us

Hi, what are you looking for?

သတင်း

ရဟတ်ယာဉ်အမှု အဂတိပုဒ်မ ၅ မှုနဲ့ စွဲချက် တင်မတင် စစ်ကောင်စီမနက်ဖြန်ဆုံးဖြတ်မယ်

စွဲဆိုထားတဲ့ အမှု ၅ မှု ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ရဟတ်ယာဉ်အမှု အဂတိပုဒ်မ ၅ မှုနဲ့ စွဲချက် တင် မတင် စစ်ကောင်စီမနက်ဖြန်ဆုံးဖြတ်မယ်
ရဟတ်ယာဉ်အမှု အဂတိပုဒ်မ ၅ မှုနဲ့ စွဲချက် တင် မတင် စစ်ကောင်စီမနက်ဖြန်ဆုံးဖြတ်မယ်

ရဟတ်ယာဉ်ဌားရမ်း၊ ဝယ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲထားတဲ့ အဂတိ အမှု ၅ မှုကို စွဲချက် တင် မတင် မနက်ဖြန် မှာ နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက အမိန့်ချဖိုရှိနေပါတယ်။

ဒီအမှုမှာ အမှုတွဲတွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့် ၊ NLD လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို စစ်ကောင်စီက တရားစွဲထားတာပါ။

စွဲဆိုထားတဲ့ အမှု ၅ မှု ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ မဖြစ်မနေ စွဲချက်တင်ဖို့ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

NLD အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ပုဂ္ဂလိက ရဟတ်ယာဉ်တစ်စီးကို ဌားရမ်းတာ နဲ့ ပြည်ပကနေ ရဟတ်ယာဉ် ဝယ်ယူတာရှိခဲ့ပါတယ်။

ဒီလို ဌားရမ်း ဝယ်ယူ ရာမှာ နိုင်ငံဘဏ္ဍာ နစ်နာတယ်ဆိုကာ စစ်ကောင်စီက တရားစွဲတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။