Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရဟတ်ယာဉ်အမှု အဂတိပုဒ်မ ၅ မှုနဲ့ စွဲချက် တင်မတင် စစ်ကောင်စီမနက်ဖြန်ဆုံးဖြတ်မယ်

စွဲဆိုထားတဲ့ အမှု ၅ မှု ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ရဟတ်ယာဉ်အမှု အဂတိပုဒ်မ ၅ မှုနဲ့ စွဲချက် တင် မတင် စစ်ကောင်စီမနက်ဖြန်ဆုံးဖြတ်မယ်
ရဟတ်ယာဉ်အမှု အဂတိပုဒ်မ ၅ မှုနဲ့ စွဲချက် တင် မတင် စစ်ကောင်စီမနက်ဖြန်ဆုံးဖြတ်မယ်

ရဟတ်ယာဉ်ဌားရမ်း၊ ဝယ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲထားတဲ့ အဂတိ အမှု ၅ မှုကို စွဲချက် တင် မတင် မနက်ဖြန် မှာ နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက အမိန့်ချဖိုရှိနေပါတယ်။

ဒီအမှုမှာ အမှုတွဲတွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့် ၊ NLD လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို စစ်ကောင်စီက တရားစွဲထားတာပါ။

စွဲဆိုထားတဲ့ အမှု ၅ မှု ဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ မဖြစ်မနေ စွဲချက်တင်ဖို့ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

NLD အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ပုဂ္ဂလိက ရဟတ်ယာဉ်တစ်စီးကို ဌားရမ်းတာ နဲ့ ပြည်ပကနေ ရဟတ်ယာဉ် ဝယ်ယူတာရှိခဲ့ပါတယ်။

ဒီလို ဌားရမ်း ဝယ်ယူ ရာမှာ နိုင်ငံဘဏ္ဍာ နစ်နာတယ်ဆိုကာ စစ်ကောင်စီက တရားစွဲတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။