Connect with us

Hi, what are you looking for?

သတင်း

ဝ​က်လက်နယ် စခန်းသာတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်​၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူသုံးဦးဒဏ်ရာရ

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းကလည်း ၀က်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကိုဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ရက်ကပြုလုပ်သည့် ဝက်လက်ပင်မသပိတ်စစ်ကြောင်းအား လုံခြုံရေးလိုက်ပါနေသော WRF ရဲဘော်များ၊ ဓာတ်ပုံ-WRF
ပြီးခဲ့သည့် ဇွန်လ ၂၅ရက်ကပြုလုပ်သည့် ဝက်လက်ပင်မသပိတ်စစ်ကြောင်းအား လုံခြုံရေးလိုက်ပါနေသော WRF ရဲဘော်များ၊ ဓာတ်ပုံ-WRF

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စခန်းသာကျေးရွာအနီး ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က အထိအခိုက်များ​နိုင်ကြောင်း ဝက်လက် တော်လှန်ရေးတပ်ဦး Wetlet Revolution Front အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်၊ စခန်းသာကျေးရွာမြောက်ဘက်ရှိ တဲအိမ်များကို မီးရှို့ဖျက်ဆီးနေခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်အား မွန်းတည့် ၁၂ နာရီခန့်တွင် ဝက်လက်တော်လှန်ရေးတပ်ဦး (PRF)နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Wetlet Revolution Front အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ရှေ့တိုးလာသော စစ်ကောင်စီတပ်သားများကိုလည်း မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲ ၁နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်က အများအပြား ထိခိုက်ကျဆုံးနိုင်ပြီး မဟာမိတ် အဖွဲ့များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု WRF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ယင်းစစ်ကြောင်းသည် ဒဏ်ရာရသူများအားသယ်ဆောင်ကာ မန်ကျည်းသုံးပင်ရွာသို့ နောက်ပြန် လှည့်သွားခဲ့ပြီး ကျေးရွာကို မီးရှို့ကာ အထိုင်ချနေကြောင်း WRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“မန်ကျည်းသုံးပင်ကို ပြန်ဆုတ်သွားတုန်းကတော့ လူနာတွေ တွေ့ရတယ်ဗျ။”ဟု WRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုနေ့ကပင် ဝက်လက်မြို့နယ်၊ လှတောစခန်းမှ စစ်ကောင်စီတပ်များသည် မဲကုန်းရွာဘက်သို့ လက်နက်ကြီးဖြင့် နှစ်ချက် ပစ်ခတ်ခဲ့ရာ ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၉ ရက်)တွင် စစ်ကောင်စီတ​ပ်သည် ရွာတော်ကျေးရွာနှင့် မန်ကျည်းသုံးပင်ရွာတောင်ဘက်ရှိ တဲများကိုမီးရှို့ခဲ့ကြောင်း၊ ကျေးရွာအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းကလည်း ၀က်လက်မြို့နယ်၊ ရွှေပန်းကုံးနယ်မြေရဲစခန်းကိုဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြာမြင့်ချိန် ၁နာရီအခန့်အကြာတွင်ဝေဟင်မှ လေယာဉ်ဖြင့် ပစ်ခက်သောကြောင့်တပ်ဖွဲ့၀င်များ ဆုတ်ခွာခဲ့ရပြီး ရဲဘော်‌တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။