Connect with us

Hi, what are you looking for?

သတင်း

အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ရပ်အပေါ်ဝမ်းနည်းကြောင်း ဝ နှင့် မိုင်းလား တပ်ဖွဲ့များထုတ်ပြန်

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်နိုင်ပါစေကြောင်း မျှော်လင့်သည်ဟု မိုင်းလားတပ်ဖွဲ့ကဆိုသည်။

(အနန့်ပါ​ဒေသကို စစ်​ကောင်စီတပ်က​တိုက်​လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(အနန့်ပါ​ဒေသကို စစ်​ကောင်စီတပ်က​တိုက်​လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎နောက်ဆက်တွဲဖြစ်လာမည့် အခြေအနေများကိုအထူးဂရုပြုစောင့်ကြည့်နေဟု UWSA ဆို

ကချင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏(၆၂)နှစ်မြောက်ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲအခမ်းအနားသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့၍ လူပေါင်းများစွာသေကျေဒဏ်ရာရခဲ့သည့်ဖြစ်စဉ် ကြားသိရစဉ် များစွာ အံ့ဩတုန်လှုပ်ရပြီး အသက်ဆုံးရှုံးခဲ့ရ သည့်အပြစ်မဲ့ပြည်သူများ အပေါ်နှမြော တမ်းတမှုနှင့် အတူကျန်ရစ်သူမိသားစုများ၊ KIO တို့နှင့်ထပ်တူဝမ်းနည်းကြေကွဲခံစားရကြောင်း ၀လက်နက်ကိုင်တပ်ဖွဲ့(UWSP/UWSA)က ယနေ့ ထုတ်ပြန်သည်။

ဤကဲ့သို့ဆိုးဝါးလှသည့်ကိစ္စများကိုခါးသီးပြီးဖြစ်စဉ်၏နောက်ဆက်တွဲပြောင်းလဲ ဖြစ်ပွားလာမည့် အခြေအနေအရပ်ရပ်ကိုအထူးဂရုပြုစောင့်ကြည့်နေကြောင်း အခင်းဖြစ်ပွားပြီး ​လေးရက်အကြာတွင်ထုတ်ပြန်​သောထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အသက်ပေါင်းများစွာသေကျေပျက်စီးစေသည့်လက်နက်ကိုင်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ရှောင်ရှားရေးလူ့အဖွဲ့အစည်းနှင့်လူမျိုးစုအကြားချစ်ကြည်ရေးအတွက်အတူလက်တွဲမှု‌ကောင်းစွာဖြစ်ထွန်းပြီးမျိုးရိုးစဉ်ဆက်ရန်ငြိုးထားရှိမှုစသည့်ပဋိပက္ခများကိုငြိမ်းချမ်းရေးနည်းလမ်းဖြင့်ကိုင်တွယ် ဖြေရှင်းနိုင်ရန်တိုက်တွန်းကြောင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် လူ့အခြေခံအခွင့်အရေးပဋိညာဉ်စာတမ်းအရ အပြစ်မဲ့ပြည်သူများ၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အားပဋိပက္ခဖြစ်စဉ်တိုက်ခိုက်မှုများကြားမှ အတတ်နိုင်ဆုံး၊ အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်ရေးကိုလည်း UWSAက တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

အလားတူ ယ​နေ့မှာပင် မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့(NDAA)ကလည်းအနန့်ပါ ဖြစ်ရပ်အပေါ် ကျန်ရစ်သူမိသားစုများနှင့်အတူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။ သို့​သော် အနန့်ပါဒေသ ထိခိုက်သေဆုံးမှုဟုသာ ဖော်ပြခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသည့်အခြေအနေကိုဖော်ပြမထားပေ။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ငြိမ်းချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်နိုင်ပါစေကြောင်း မျှော်လင့်သည်ဟု မိုင်းလားတပ်ဖွဲ့ကဆိုသည်။

UWSP/UWSAနှင့် မိုင်းလားအဖွဲ့(NDAA)တို့သည် စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့များဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း