Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနှင့် မြိုင်နယ်အစပ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးဝင်ရှို့နေ

“စိုင်သေကျေးရွာကို မနက်လေးနာရီလောက်မှာရှို့တယ်။ သံပြာချောင်းကို မနက်၆ နာရီလောက်မှာ ရှို့တယ်။ စခတွေ ရွာထဲရှိနေသေးလို့ ဘယ်လောက်ပါသွားတယ်မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စိုင်သေရွာနှင့် သံပြာချောင်းရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေစဥ်၊ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ရေစကြိုနယ်နှင့် မြိုင်နယ်အစပ်ရှိ စိုင်သေရွာနှင့် သံပြာချောင်းကျေးရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီခန့်က စတင်ကာ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ်၊ စိုင်သေရွာနှင့် သံပြာချောင်းရွာတို့အား ဝင်ရောက်ဖျက်ဆီးမီးရှို့နေခြင်းဖြစ်ပြီး စိုင်သေကျေးရွာတွင် ကျေးရွာ၏အိမ်​ခြေ သုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရကြောင်း ဒေသခံများက ပြောသည်။

စိုင်သေရွာနှင့် သံပြာချောင်းရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေစဥ်၊ဓာတ်ပုံ-Cj
စိုင်သေရွာနှင့် သံပြာချောင်းရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေစဥ်၊ဓာတ်ပုံ-Cj

“စိုင်သေကျေးရွာကို မနက်လေးနာရီလောက်မှာရှို့တယ်။ သံပြာချောင်းကို မနက်၆ နာရီလောက်မှာ ရှို့တယ်။ စခတွေ ရွာထဲရှိနေသေးလို့ ဘယ်လောက်ပါသွားတယ်မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စိုင်သေရွာနှင့် သံပြာချောင်းရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေစဥ်၊ဓာတ်ပုံ-Cj
စိုင်သေရွာနှင့် သံပြာချောင်းရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေစဥ်၊ဓာတ်ပုံ-Cj

စစ်ကောင်စီတပ်သည် ပခုက္ကူမြို့နယ် ရေစကြိုမြို့နယ် မြိုင်မြို့နယ် သုံးမြို့နယ်အစပ်တွင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယမန်နေ့ကတည်း က စိုင်သေရွာအား ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း၊ ညပိုင်းတွင် မြေမလှရွာတောင်ဘက်ရှိ ဒေသအခေါ်ဇာလီတောင်ပေါ်၌ ညအိပ်စခန်းချခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မီးဆင်းရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။