Connect with us

Hi, what are you looking for?

သတင်း

ရွှေ​ဈေးဆက်မတက်​ရေး သတ်မှတ်​ဈေးဖြင့်​ရောင်းရန်ရန်ကုန်တိုင်း​ရွှေအသင်းမှတ်ချက်ပိတ်၍ပန်ကြား

လက်ရှိပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၆၇၀,၀၀၀ ကျပ် နှင့် အမေရိကန် တစ်ဒေါ်လာလျှင် ၃၀၄၀ ကျပ်‌ပေါက်ဈေးရှိနေသည်။

ရွှေ​ဈေးဆက်မတက်​ရေး သတ်မှတ်​ဈေးဖြင့်​ရောင်းရန် ရန်ကုန်တိုင်း​ရွှေအသင်းမှတ်ချက်ပိတ်၍ပန်ကြား
ရွှေ​ဈေးဆက်မတက်​ရေး သတ်မှတ်​ဈေးဖြင့်​ရောင်းရန် ရန်ကုန်တိုင်း​ရွှေအသင်းမှတ်ချက်ပိတ်၍ပန်ကြား

​ပြင်ပ​ဈေးကွက်တွင် ​ရွှေ​ဈေး တစ်ကျပ်သားလျှင် ၂၇ သိန်းကျပ်နားကပ်လာချိန်တွင်ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအားလုံး အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၅၃၀,၀၀၀ကျပ် သာရောင်းချရမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်သည်။

“ရွှေတစ်ကျပ်သားကို ကျပ် ၂၇ သိန်းကျော်အထိမရောက်ဖို့ စစ်ကောင်စီက အသင်းကတဆင့် ကြိုးစားနေတာ။​နောက်ပြီးဆိုင်တွေကိုလည်း သတ်မှတ်နှုန်းအတိုင်းရောင်းချဖို့လည်း ဖိအားပေးနေတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါအသင်းက ၂၅ သိန်းသုံး​သောင်းဖြင့်သာ​ရောင်းရန်ထုတ်ပြန်ချက်ကိုပန်ကြားလွှာဟုသုံးနှူန်းထားသည်။ အဆိုပါ ပန်ကြားလွှာကို အသင်း၏စာမျက်နှာတွင်မှတ်ချက်(Comment )ပိတ်၍ထုတ်ပြန်ထားခြင်းဖြစ်သည်။ စစ်​ကောင်စီအလိုအတိုင်းလိုက်လံလုပ်​ပေး​နေ​သော​ကြောင့် ရန်ကုန်တိုင်း​ရွှေအသင်း၏​ဖေစ်ဘွခ်စာမျက်နှာ(YGEA)ကို ပြည်သူများကဝေဖန်၊လှောင်​ပြောင်မှုများပုံမှန်ပြုလုပ်​လေ့ရှိပြီး လွန်ခဲ့​​သော ၆ ရက်ကစ၍ Comment ပိတ်ထားသည်ကို​တွေ့ရသည်။

ရွှေ​ဈေးဆက်မတက်​ရေး သတ်မှတ်​ဈေးဖြင့်​ရောင်းရန် ရန်ကုန်တိုင်း​ရွှေအသင်းမှတ်ချက်ပိတ်၍ပန်ကြား
ရွှေ​ဈေးဆက်မတက်​ရေး သတ်မှတ်​ဈေးဖြင့်​ရောင်းရန် ရန်ကုန်တိုင်း​ရွှေအသင်းမှတ်ချက်ပိတ်၍ပန်ကြား

စစ်ကောင်စီက ရွှေဈေးမြင့်တက်ခြင်းသည် ကုန်ဈေးနှုန်းကိုပါ လိုက်လံမြင့်တက်စေသည်ဟုဆိုကာရွှေဆိုင်များကို ၎င်းတို့သတ်မှတ်ထားသည့် နှုန်းအတိုင်းရောင်းချရန် ဖိအားပေးနေခြင်းဖြစ်သည်ဟု အထက်ပါလုပ်ငန်းရှင်က​ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၆၇၀,၀၀၀ ကျပ် နှင့် အမေရိကန် တစ်ဒေါ်လာလျှင် ၃၀၄၀ ကျပ်‌ပေါက်ဈေးရှိနေသည်။

“အခေါက်ရွှေဆိုရင် ၅ ကျပ်သားတောင်မရောင်းကြ​တော့ဘူး။ ၃ ကျပ်သားအထိရွှေထည်တွေပဲရောင်းတယ်”ဟု ယနေ့ ရွှေဝယ်ယူရန် ဆိုင်များသို့သွား​ရောက်စုံစမ်းခဲ့သူတစ်ဦးကလည်းပြောသည်။

ရွှေဆိုင်များကိုလည်း ရွှေဈေးနှုန်းများကိုတရားဝင်ထုတ်ပြန်ကြေညာခြင်းမပြုရန်လည်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်များအသင်းက​နေစဥ်ရည်ညွှန်းနှုန်းကိုထုတ်ပြန်​ပေး​နေ​သော်လည်း အဆိုပါနှုန်းမှာ ပြင်ပ​ဈေးထက်များစွာနည်း​နေ၍ အ​ရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးမပြုကြ​ပေ။​အောက်တိုဘာ ၂၉ရက် အသင်းရည်ညွှန်းနှုန်းမှာ ၁,၉၄၀,၀၀၀ကျပ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။