Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကပြည်ပကုမ္ပဏီများကိုနိုင်ငံခြား​ငွေကိုအတင်းအကျပ် လဲခိုင်းခြင်းမှကင်းလွတ်ခွင့်ပြုရန် စီစဥ်​နေဟုဆို

နိုင်ငံဝင်ငွေရရှိသည့် လုပ်ငန်းများကို အလုပ်လုပ်ရက်တစ်ရက်အတွင်း တစ်​ဒေါ်လျှင် ၁၈၅၀ကျပ်နှုန်းဖြင့် ကျပ်ငွေအဖြစ်ပြောင်းလဲရမည်ဟု စစ်ကောင်စီက ဧပြီ ၃ ရက်က စတင်ညွန့်ကြားဖိအား​ပေးခဲ့သည်။ ညွှန့်ကြားချက်ကို မလိုက်နာပါက ​အ​ရေးယူမည်ဟုလည်းခြိမ်း​ခြောက်ထားသည်။

(စစ်​ကောင်စီက ​ဒေါ်လာလိုချင်သဖြင့် ​အာဏာသိမ်းပြီး​နောက်ပိုင်း​ဒေါ်လာနှင့်သက်ဆိုင်​သော မူဝါဒအ​ပြောင်အလဲ အကြိမ်​ရေ ဆယ်နှင့်ချီပြုလုပ်ထားသည်။ ။ဓါတ်ပုံ-EPA)
(စစ်​ကောင်စီက ​ဒေါ်လာလိုချင်သဖြင့် ​အာဏာသိမ်းပြီး​နောက်ပိုင်း​ဒေါ်လာနှင့်သက်ဆိုင်​သော မူဝါဒအ​ပြောင်အလဲ အကြိမ်​ရေ ဆယ်နှင့်ချီပြုလုပ်ထားသည်။ ။ဓါတ်ပုံ-EPA)

●သို့​သော် ပြည်တွင်း၊ပြည်ပ ဘဏ်များ၏ ​နိုင်ငံခြား​ငွေများထဲမှ ၅ရာခိုင်နှုန်းကို ကျပ်​ငွေဖြင့်လဲရန် ဖိအား​ပေး​နေ

စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီများပိုင်ဆိုင်သည့် နိုင်ငံခြားငွေကိုအတင်းအကျပ်လဲလှယ် ခိုင်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် စီစဉ်နေကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းမှစုံစမ်းသိရသည်။

ထိုသို့ကင်းလွတ်ခွင့်ပြုရာတွင်လည်း စစ်​ကောင်စီ၏ရင်းနှီးမြှပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုမိန့် နှင့် အတည်ပြုချက်ရယူထားသည့် ကုမ္ပဏီများသာ ပါရှိမည်ဖြစ်သည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က ဘဏ်လုပ်ငန်းရှင်များကို အသိပေးထားခြင်းဖြစ်သည်ဟု ဘဏ်​လောကမှသတင်းမြစ်အချို့က​ပြောသည်။

ထိုအပြင်စစ်ကောင်စီ၏ဗဟိုဘဏ်က ပြည်တွင်းဘဏ်များကပိုင်ဆိုင်ထားသည့်နိုင်ငံခြားငွေများ၏ ၅ ရာခိုင်နှုန်းကိုလည်း ကျပ်ငွေအဖြစ်ပြောင်းလဲရန်လည်း ဖိအားပေး​နေကြောင်းဘဏ်လုပ်ငန်းရှင်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ထိုထဲတွင် ပြည်တွင်းတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများ၏ ပိုင်ဆိုင်ထားသည့် ​​ငွေစာရင်းများလည်းပါဝင်သည်ဟုသိရသည်။

“နိုင်ငံခြားဘဏ်စာရင်းတွေလည်းပါမယ်လည်းဆိုပြီး ပြန်ပြီး ပယ်ဖျက်ပေးမယ်( နိုင်ငံခြားကုမ္ပဏီများကိုတစ်ရက်အတွင်း​​ငွေလဲခိုင်းခြင်းမှ ပယ်ဖျက်ရန်) ဖြစ်သွားတာ”ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးကပြောသည်။ ပြည်တွင်း၌ နိုင်ငံခြားဘဏ်နှင့် ကိုယ်စားလှယ်ရုံးဖွင့်ထား​သော ဘဏ် ၁၃ ခုရှိသည်။

နိုင်ငံဝင်ငွေရရှိသည့် လုပ်ငန်းများကို အလုပ်လုပ်ရက်တစ်ရက်အတွင်း တစ်​ဒေါ်လျှင် ၁၈၅၀ကျပ်နှုန်းဖြင့် ကျပ်ငွေအဖြစ်ပြောင်းလဲရမည်ဟု စစ်ကောင်စီက ဧပြီ ၃ ရက်က စတင်ညွန့်ကြားဖိအား​ပေးခဲ့သည်။ ညွှန့်ကြားချက်ကို မလိုက်နာပါက ​အ​ရေးယူမည်ဟုလည်းခြိမ်း​ခြောက်ထားသည်။

သို့သော်လည်း စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နိုင်ငံခြားငွေစာရင်းများကို ခြွင်းခြက်အဖြစ်ကင်းလွတ်ခွင့်ပြုရန်လည်း ဘဏ်များကို စစ်ကောင်စီက ညွန့်ကြားထားသည်ဟုလည်း ဘဏ်လုပ်ငန်းရှင်များကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။