Connect with us

Hi, what are you looking for?

သတင်း

သြစတြေးလျနှင့် စင်ကာပူဘဏ်များ စစ်တပ်ပိုင် အင်းဝဘဏ်နှင့် အမြန်ဆုံးအဆက်သွယ်ဖြတ်၊ အရေးယူပိတ်ဆို့ရန် JFM တောင်းဆို

နိုင်ငံတကာဘဏ်များဖြစ်သည့် ANZ၊ UOB နှင့် BIDV တို့အနေဖြင့် ၎င်းတို့၏ နိုင်ငံတကာလူ့အခွင့်အရေးတာဝန်များနှင့်အညီ အင်းဝဘဏ်နှင့် ဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်ခြင်း၊ သို့မဟုတ် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းကို မဖြစ်မနေ လုပ်ကြရမည်ဟု JFM က တိုက်တွန်းသည်။

သြစတြေးလျနှင့် စင်ကာပူအခြေစိုက်ဘဏ်များသည် မြန်မာ့စစ်တပ်ပိုင် အင်းဝဘဏ်နှင့် ငွေလွှဲပေးပို့မှု ဆက်လက်လုပ်ဆောင်နေပြီး ယင်းလုပ်ဆောင်နေမှုကို အမြန်ဆုံးအဆုံးသတ်ကာ အရေးယူပိတ်ဆို့မှု ပြုလုပ်ရန် Justice For Myanmar က ယနေ့တောင်းဆိုသည်။

Distributed Denial of Secrets က ထုတ်ပြန်လိုက်သော အင်းဝဘဏ်မှတ်တမ်းဖိုင်များအရ နိုင်ငံတကာဘဏ်များဖြစ်သည့် ANZ, UOB, BIDV ဘဏ်များနှင့် အင်းဝဘဏ်တို့အကြား မြန်မာကျပ်ငွေဖြင့် ငွေလွှဲပေးပို့မှုရှိနေခြင်းကို ဖော်ပြသည်။ အဆိုပါ မှတ်တမ်းဖိုင်များထဲတွင် ငွေလွှဲမှတ်တမ်းပေါင်း နှစ်သောင်းနီးပါးပါဝင်သည်ဟု ဆိုသည်။ ANZ ဘဏ်က ဩစတြေးလျ အခြေစိုက်ဖြစ်ပြီး UOB ဘဏ်က စင်ကာပူအခြေစိုက်ဖြစ်သည်။ BIDV မှာ ဗီယက်နမ်အစိုးရပိုင်ဘဏ်ဖြစ်သည်။

“အင်းဝဘဏ်နဲ့ စီးပွားရေးလုပ်တာဟာ မြန်မာစစ်တပ်၊ သူတို့ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၊ ကျူးလွန်လက်စရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ်။ ငွေလွှဲတဲ့ပမာဏဟာ ဘယ်လောက်ပဲသေးငယ်စေကာမူ အဲဒီငွေတွေဟာ စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ငွေကြေးထောက်ပံ့ရာမှာရော၊ စစ်ရာဇဝတ်ကောင်တွေကို ကြွယ်ဝချမ်းသာစေဖို့ရာပါ အထောက်အပံ့ပေးနေတာ ဖြစ်ပါတယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

သြစတြေးလျနှင့် စင်ကာပူဘဏ်များ စစ်တပ်ပိုင် အင်းဝဘဏ်နှင့် အမြန်ဆုံးအဆက်သွယ်ဖြတ်၊ အရေးယူပိတ်ဆို့ရန် JFM တောင်းဆို
သြစတြေးလျနှင့် စင်ကာပူဘဏ်များ စစ်တပ်ပိုင် အင်းဝဘဏ်နှင့် အမြန်ဆုံးအဆက်သွယ်ဖြတ်၊ အရေးယူပိတ်ဆို့ရန် JFM တောင်းဆို

တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို တုန့်ပြန်သည့်အနေဖြင့် အင်းဝဘဏ်၏ မိခင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို အမေရိကန်၊ ယူကေနှင့် အီးယူတို့က ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားသည်။

Public Service Announcement

Public Service Announcement

“အခုတွေ့ရတဲ့ MEC နဲ့ ငွေလွှဲမှတ်တမ်းတွေက တရားမဝင်မြန်မာစစ်ကောင်စီနဲ့ သူရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေအပေါ် သြစတြေးလျနဲ့ စင်ကာပူအစိုးရတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့လုပ်ရပ်ရဲ့ တိုက်ရိုက်ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်၊ ဒီလိုပျက်ကွက်တဲ့အတွက် သူတို့ရဲ့ဘဏ်တွေက အင်းဝဘဏ်နဲ့ စီးပွားရေးဆက်လက်လုပ်ဆောင်ဖို့ ပိုပြီး အတင့်ရဲခဲ့ကြတာ ဖြစ်ပါတယ်။ ဩစတြေးလျနဲ့ စင်ကာပူနိုင်ငံတို့အနေနဲ့ စစ်ကောင်စီ၊ MEC အပါအဝင် ၎င်းရဲ့စီးပွားရေးလုပ်ငန်းတွေ၊ ဒါရိုက်တာတွေနဲ့ အင်းဝဘဏ်ဒါရိုက်တာတို့ကို ချက်ချင်းဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” ဟု မရတနာမောင်က ဆိုသည်။

သြစတြေးလျနှင့် စင်ကာပူဘဏ်များ စစ်တပ်ပိုင် အင်းဝဘဏ်နှင့် အမြန်ဆုံးအဆက်သွယ်ဖြတ်၊ အရေးယူပိတ်ဆို့ရန် JFM တောင်းဆို
သြစတြေးလျနှင့် စင်ကာပူဘဏ်များ စစ်တပ်ပိုင် အင်းဝဘဏ်နှင့် အမြန်ဆုံးအဆက်သွယ်ဖြတ်၊ အရေးယူပိတ်ဆို့ရန် JFM တောင်းဆို

နိုင်ငံတကာဘဏ်များဖြစ်သည့် ANZ၊ UOB နှင့် BIDV တို့အနေဖြင့် ၎င်းတို့၏ နိုင်ငံတကာလူ့အခွင့်အရေးတာဝန်များနှင့်အညီ အင်းဝဘဏ်နှင့် ဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်ခြင်း၊ သို့မဟုတ် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းကို မဖြစ်မနေ လုပ်ကြရမည်ဟု JFM က တိုက်တွန်းသည်။

၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ မြန်မာစစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၏ စာရင်းများအရ ပြည်သူ ၂၄၀၀ ကျော်ကို သတ်ဖြတ်ထားကာ ၁၅,၀၀၀ ကျော်ကို တရားဥပဒေမဲ့ ဖမ်းဆီးထားသည်။

ထို့အပြင် စစ်ကောင်စီ၏ တရားမဲ့လေကြောင်းတိုက်ခိုက်မှုများ။ ဗုံးကြဲတိုက်ခိုက်မှုများ၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့အပါအဝင် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်းတစ်သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...