Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၁)နယ်မြေရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ ပူးပေါင်းပြီး ဘုံရန်သူစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ်

အဖွဲ့တွင်ပါဝင်သည့် တော်လှန်ရေးတပ်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါကပညာပေးခြင်း၊ အရေးယူခြင်း၊ အဖွဲ့မှထုတ်ပယ်ခြင်းများ အဆင့်လိုက် ပြုလုပ်သွားမည်ဟု ဆိုသည်။

KNUတပ်မဟာ(၁)နယ်မြေရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ ပူးပေါင်းပြီး ဘုံရန်သူစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ်
KNUတပ်မဟာ(၁)နယ်မြေရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ ပူးပေါင်းပြီး ဘုံရန်သူစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ်

▪️စနစ်တကျစည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရန် အတွက်ဟု တပ်မဟာ(၁) မိတ်ဖက်ရေးရာ ကော်မတီဥက္ကဋ္ဌ ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ ၂၅ဖွဲ့ နှင့် KNU တပ်မဟာ(၁)တို့ စုပေါင်းပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်သွားရန် ဆုံးဖြတ်လိုက်ကြောင်း KNU သထုံခရိုင်တပ်မဟာ (၁)မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

သထုံခရိုင်တပ်မဟာ(၁)နယ်မြေအတွင်း အခြေစိုက် သည့် ပြန့်ကျဲနေသော တော်လှန်ရေးအင်အား စုများအား တစ်ခုတည်းသောကွပ်ကဲမှု(စုပေါင်းဦးဆောင်မှု)ဖြင့် ဘုံရန်သူအား စနစ်ကျညီညွတ် စွာတော်လှန်သွားနိုင်ရေး ကြိုးပမ်းခဲ့ကြောင်း၊ ဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ၊ တာဝန်ခံများ ကော်မတီများပါဝင်သည့် မျက်နှာစုံညီအစည်းအဝေးကို စက်တင်ဘာ ၂၁ရက်မှ ၂၄ရက်အထိ လေးရက်ကြာ ပြုလုပ်ခဲ့ရာ ဘုံရန် သူကို စုပေါင်းတော်လှန်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

KNUတပ်မဟာ(၁)နယ်မြေရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ ပူးပေါင်းပြီး ဘုံရန်သူစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ်
KNUတပ်မဟာ(၁)နယ်မြေရှိ တော်လှန်ရေးတပ် ၂၅ဖွဲ့ ပူးပေါင်းပြီး ဘုံရန်သူစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ဆုံးဖြတ်

တတိယအကြိမ်မြောက် ပြုလုပ်ခဲ့သည့် မျက်နှာစုံညီ အစည်းအဝေးမှ ဥပဒေစိုးမိုးမှုအခြေခံဘောင်အတွင်းနေထိုင်တော်လှန်သွားကြမည့် တော်လှန်ရေးအဖွဲ့အစည်းများအား မှတ်ပုံတင်ကဒ်ပြားစီစစ်ထုတ်ဝေခြင်းလုပ်ငန်း၊ တပ်ပေါင်းစုခြင်းလုပ်ငန်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှတ်ပုံတင်ခွင့်တောင်းခံထားသော အဖွဲ့အစည်းများအနက် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာမည်ဖြစ်ကြောင်း ကတိကဝတ်ပြုသည့် အဖွဲ့အစည်း(၂၅)ဖွဲ့အား အသိအမှတ်ပြုမှတ်ပုံတင်ကဒ်ပြား ထုတ်ဝေပေးခဲ့သည်ဟု ဆိုသည်။

အဖွဲ့အစည်းခေါင်းဆောင်များအားလုံးမှ“တပ်ပေါင်းစုအသွင်”ဖြင့် ဘုံရန်သူအား စုပေါင်းတော်လှန်သွားရန် တညီတညီတညွတ်တည်း ဆုံးဖြတ်ခဲ့၍ ၄င်းအဖွဲ့အစည်း(၂၅)ဖွဲ့စုပေါင်း၍ KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု အဖြစ် အောင်မြင်စွာဖွဲ့စည်းပြီး ဖြစ်ကြောင်း ယနေ့တွင် ပြည်သူလူထုအား အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ဒီအဖွဲ့အစည်းကို လုပ်ခြင်းက စနစ်တကျနဲ့ ဖြစ်စေချင်တယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာကလည်း သူ့အဖွဲ့ကိုယ့်အဖွဲ့ သီးခြားစီ အလုပ်လုပ်လို့ရှိရင် စည်းမျဉ်းစည်းကမ်းမရှိနဲ့ အဲဒီလိုမျိုးဖြစ်တာ။အဲဒါကြောင့် ကျွန်တော်တို့ စည်းလုံး ညီညွတ်မှုကို တည်ဆောက်ပြီး တပေါင်းတစည်းတည်း တိုက်ပွဲဝင်ဖို့ပေါ့”ဟု KNU တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ “ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

ယခု တပ်ပေါင်းစုအသွင် စုဖွဲ့မှုသို့ထပ်မံဝင်ရောက်မည့် အဖွဲ့အချို့ ကျန်နေသေးသည်ဟုလည်း ၎င်းက ဆိုသည်။

“တစ်ဖွဲ့ နှစ်ဖွဲ့ကျန်သေးတယ်။ သူတို့နဲ့ နည်းနည်းအလှမ်းဝေးနေလို့။ ဒီအဖွဲ့တွေအပြင် နောက်ထပ် အဖွဲ့တွေ ထပ်မဖွဲ့တော့ဘူး အင်အားပဲထပ်ဖြည့်တော့မယ်။ ဘာဖြစ်လို့လည်းဆိုရင် အဖွဲ့တွေထပ်များလို့ရှိရင် စည်းကမ်းပိုင်းမှာ ကိုင်တွယ်ရတာ နည်းနည်းအခက်အခဲရှိတယ်”ဟု ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

အဖွဲ့တွင်ပါဝင်သည့် တော်လှန်ရေးတပ်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါကပညာပေးခြင်း၊ အရေးယူခြင်း၊ အဖွဲ့မှထုတ်ပယ်ခြင်းများ အဆင့်လိုက် ပြုလုပ်သွားမည်ဟု ဆိုသည်။

KNU တပ်မဟာ(၁) နယ်မြေတွင် သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နှင့် ပေါင်နှင့် ဇင်းကျိုက်ဒေသများပါဝင်သည်။ လက်ရှိတွင်လည်း အဆိုပါဒေသများ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။