စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် အောင်နိုင်သူ ရဲ့ မန္တလေးမြို့က နေအိမ် မနေ့ ညပိုင်း ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။
အဲဒီအိမ်ဟာ အောင်မြေသာစံမြို့နယ် ၊မြောက်ပြင်ရပ် ၊ ၁၄ လမ်း ၊၈၈ လမ်းနဲ့ ၈၇ လမ်းကြားမှာရှိပြီးနေအိမ်ရှေ့ အစောင့်ဂိတ် ဗုံးပစ်ခံရတာလို့သိရပါတယ်။
ဒုရဲချုပ်အောင်နိုင်သူရဲ့ မန္တလေး မှာရှိတဲ့နေအိမ်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ဗုံးနဲ့တိုက်ခိုက်ခံရပါသေးတယ်။
ဒုရဲချုပ်အောင်နိုင်သူဟာ မန္တလေးဇာတိဖြစ်ပြီး နေပြည်တော်မှာ အခြေချနေထိုင်သူလည်းဖြစ်ပါတယ်။

Public Service Announcement


















































