Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့နယ် မအီမြို့ရဲစခန်းမှူးကို AAဖမ်းဆီး

ရခိုင်ပြည်နယ်၌ AAနှင့် စစ်ကောင်စီတပ်အကြား တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ မဖြစ်ပွားမီ ကတည်းက အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိရာ စစ်ကောင်စီလက်အောက်ခံရဲများ၊ စရဖများ၊ စစ်ကောင်စီတပ်သားများကို AAက မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ် မအီမြို့ရဲစခန်းမှူးကို AAဖမ်းဆီး
တောင်ကုတ်မြို့နယ် မအီမြို့ရဲစခန်းမှူးကို AAဖမ်းဆီး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့ရဲစခန်းမှူးကို ရက္ခိုင့်တပ်တော် (AA)က ယနေ့(နိုဝင်ဘာ ၄ရက်)နံနက်တွင် ဖမ်းဆီးသွားကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“အရင်တုန်းကလည်း AA က အဲဒီလိုမျိုးဖမ်းတာရှိတယ်။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ AAရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးမှာ ပါတဲ့သူတွေကိုလည်း စစ်ကောင်စီကနေပြီး ဖမ်းဆီးတာတွေရှိတယ်ဆိုတော့ အပြန်အလှန် ဖမ်းဆီးတဲ့သဘောလို့ မြင်တယ်” ဟု ရခိုင်ဒေသခံက ပြောသည်။

ဌာနဆိုင်ရာ ပေါင်းစုံဘုံကထိန်ပွဲကျင်းပစဉ် စခန်းမှူးကို ရွေးပြီး AAက ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ဆိုသည်။

“အရင်ကတည်းက အဲဒီနေရာက AAက အင်အားအများကြီးနဲ့ စိုးမိုးတဲ့နေရာ သူတို့ လှုပ်ရှားသွားလာနေတာကို AAက စောင့်ကြည့်နေပြီး အပိုင်ဖြစ် တာနဲ့ ဖမ်းသွားတာ”ဟု ရခိုင်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသည့် ရဲစခန်းမှူးမှာ ရဲအုပ်ကိုကိုမင်းထွန်း ဆိုသူဖြစ်ပြီး မအီမြို့နှင့် (၅)မိုင်ခန့်အကွာရှိ စတဲကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဌာဆိုင်ရာစုပေါင်း ဘုံကထိန်ပွဲ၌ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရခိုင်သတင်းဌာန Western News က ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၌ AAနှင့် စစ်ကောင်စီတပ်အကြား တကျော့ပြန်တိုက်ပွဲပြင်းထန်စွာ မဖြစ်ပွားမီ ကတည်းက အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ် လျက်ရှိရာ စစ်ကောင်စီလက်အောက်ခံရဲများ၊ စရဖများ၊ စစ်ကောင်စီတပ်သားများကို AAက မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

အလားတူ စစ်ကောင်စီတပ်ကလည်း AAနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးမှုများကို မြို့နယ်အများအပြား၌ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမ်း-ပဒါန်းစစ်မြေပြင်တွင် စစ်မှုထမ်းသင်တန်းဆင်းများကို စစ်ကြောင်း၏ ရှေ့ဆုံးမှ တိုက်ခိုင်းပြီး ကြောက်လန့်၍ ပြန်ဆုတ်လာသူများကို ​နောက်မှစစ်သားများက သေနတ်ဖြင့် ပစ်သတ်​နေကြောင်း အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့သော စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကပြောကြားသည်။

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။

သတင်း

ဖားကန့်တွင်ကျေးရွာအချို့၌ တိုက်ပွဲများငြိမ်သက်နေ၍ ​နေရပ်ပြန်သော စစ်ဘေးရှောင်များကို စစ်​ကောင်စီက ဖမ်းဆီးပြီးအမျိုးသမီးနှင့် ကလေးများအားပြန်လွှတ်‌​​သော်လည်း အမျိုးသားများအားပြန်မလွှတ်ဘဲ ဖမ်းဆီးထား​ကြောင်း​ဒေသခံအချို့က​​ပြောသည်။

သတင်း

ဇွန်လအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များမှ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ရှစ်ဆယ်ခန့်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ၁၂ ဦးသာရှိကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network (RSN) က အသိပေးသည်။