Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး ပြင်သစ်ထပ်မံတောင်းဆို

လွန်ခဲ့သည့် ၂ နှစ် ၂၀၂၀ နို၀င်ဘာလ (၈) ရက်တွင် မြန်မာနိုင်ငံသည် နှစ်ပေါင်း (၆၀) အတွင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သော အရပ်သားအစိုးရက စီမံကျင်းပခဲ့ကြောင်း ပြင်သစ်က ဖော်ပြသည်။

ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး ပြင်သစ်ထပ်မံတောင်းဆို
ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး ပြင်သစ်ထပ်မံတောင်းဆို

မြန်မာပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေးအတွက် ပြင်သစ်နိုင်ငံက ထပ်မံတောင်းဆိုလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်ချိန်တွင် ပြင်သစ်က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်းမှစတင်ကာ နိုင်ငံရေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးထောင်ချထားခြင်းခံရသူများလွတ်မြောက်ရေးနှင့် အရပ်ဘက်နှင့် ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေးတို့အတွက် ထပ်မံတောင်းဆိုသည်။

လွန်ခဲ့သည့် ၂ နှစ် ၂၀၂၀ နို၀င်ဘာလ (၈) ရက်တွင် မြန်မာနိုင်ငံသည် နှစ်ပေါင်း (၆၀) အတွင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့သော အရပ်သားအစိုးရက စီမံကျင်းပခဲ့ကြောင်း ပြင်သစ်က ဖော်ပြသည်။

ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး ပြင်သစ်ထပ်မံတောင်းဆို
ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး ပြင်သစ်ထပ်မံတောင်းဆို

မြန်မာပြည်သူလူထုသည် ၎င်းတို့၏ ဒီမိုကရေစီ မျှော်မှန်းချက်များကို မဲပုံးမှတဆင့် ထုတ်ဖော်ခဲ့ကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီသည် ထိုရွေးကောက်ပွဲတွင် အနိုင်ရသူ အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရကြောင်း ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုစဥ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် တို့ ဦးဆောင်သည့် NLD ပါတီကို ပြင်သစ်သမ္မတ မက်ကရွန်က ဂုဏ်ပြုဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။