Connect with us

Hi, what are you looking for?

သတင်း

တနိုင်းတွင်စစ်ကောင်စီတပ်စစ်ကြောင်းကို KIA မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးရှိ

“အထိအခိုက်အတိအကျတော့ မသိဘူး ။ဒါပေမဲ့ ဟက်စကီးတောင်လာပြီးမှ တနိုင်းဘက်မှာ ဆင်းပြီးလူနာသယ်သွားတဲ့ ပုံစံမျိုးပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။

(KIA တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-KIA)

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (နိုဝင်ဘာ ၈ရက်) မနက်တွင် တိုက်ခိုက်ခဲ့ကြောင်း လီဒိုလမ်းရှိဒေသခံတစ်ဦးကပြောသည်။

“တနိုင်းကနေ အောက်ဘက်ကို ဆင်းလာတဲ့စစ်ကြောင်းကို မိုင်းရောဆွဲ ၊ ပစ်လဲပစ်တာ”ဟု ၎င်းက​ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးရှိနိုင်သည်ဟု သိရသည်။

“အထိအခိုက်အတိအကျတော့ မသိဘူး ။ဒါပေမဲ့ ဟက်စကီးတောင်လာပြီးမှ တနိုင်းဘက်မှာ ဆင်းပြီးလူနာသယ်သွားတဲ့ ပုံစံမျိုးပေါ့” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာဒေသသည် KIA တပ်မဟာ(၂)နယ်မြေတွင်ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ရာ လီဒိုလမ်း နန့်ဖျန်နှင့် တိမ်ကောက်ကြားတွင် ယနေ့မနက် ၆နာရီခန့်က စစ်ကောင်ဏီတပ်ကို KIA တပ်ရင်း (၄၃) တပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့သည်ဟု ​ပါရှိသည်။

ကချင်ဒေသစစ်ရေးသတင်းများ ရေးသားဖော်ပြနေသည့် ကချင်သတင်းရင်းမြစ် တစ်ခုကလည်း လီဒိုလမ်း တိုက်ပွဲ၌ စစ်ကောင်စီ၏ ခလရ(၂၉၇) တပ် စစ်ကြောင်းကို KIA တပ်မဟာ(၂) ၊ တပ်ရင်း(၄၃) တပ်ဖွဲ့မှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိသည်ဟု​ဖော်ပြထားသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဖားကန့်၊ မိုးမောက်ဒေသများ၌လည်း ယခုရက်ပိုင်ူအတွင်းတိုက်ပွဲများဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။