Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် အရက်ဝယ်လာသည့်ရဲနှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဥ် ခုခံတိုက်ခိုက်၍ သေဆုံး

ဆားလင်းကြီးမြို့နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုရှိရာ မြို့ပေါ်နေရာများကိုလည်း မကြာခဏ တိုက်ခိုက်နေသည်။

ဆားလင်းကြီး
ဆားလင်းကြီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အရက်ဝယ်ပြန်လာသော ရဲနှစ်ဦးအား ဖမ်းဆီးစစ် ဆေးရန်ပြင်ဆင်နေစဥ် ခုခံတိုက်ခိုက်၍ ရှင်းလင်းခဲ့ကြောင်း Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဆားလင်းကြီးမြို့နယ်၊ ပုသိမ် – မုံရွာလမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် တန်ဆောင်တိုင်ည သောက်စားရန် အရက်ဝယ်ပြီးပြန်လာချိန် ရဲဘော်များနှင့်တွေ့ရှိကာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးစဥ် ပြန်လည်ခုခံသောကြောင့် ရှင်းလင်းခဲ့ရကြောင်း Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းမရှိချိန် CGYDF၊ Triple Two နှင့် MTOF အဖွဲ့တို့က ဒေသတွင်း နယ်မြေတည်ငြိမ် ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်စဥ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု CGYDF အဖွဲ့က ဆိုသည်။

“တန်ဆောင်တိုင်ည မူးရူးဖို့ ပါဆယ်ထွက်ဆွဲချိန် နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်များနဲ့တိုးတာပါ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖရဲသီးရဲ့သတင်းပေးပို့မှုအရ အဲဒီရဲနှစ်ယောက်က အမှတ်(၂၈)ရဲတပ်ရင်းကလို့ သိရပါတယ်။ အမှတ်(၂၈)ဆိုတာက ယင်းမာပင်မြို့နယ်မှာ စစ်တပ်တပ်စွဲထားတဲ့ ရွှေတောင်ဦးကုန်းရဲ့ တောင်ဘက် ၁မိုင်အကွာ ပုသိမ်-မုံရွာ လမ်းဘေးကပါ။”ဟု Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ ရဲနှစ်ဦးထံမှ အိတ်ဆောင်ဓားနှင့် လက်ပစ်ဗုံးတစ်လုံးသာပါ၍ သိမ်းဆည်းခဲ့ကြောင်း Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။

ထိုဖြစ်စဥ်ကို Chindwin Galone Yarzar Guerilla Defense Force၊ Triple Two Task Force၊ Monywa Trust Of Force အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

“အဲဒီနေ့ညနေပိုင်းက ဆားလင်းကြီးရဲစခန်းဘက် သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားလိုက်ရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်စီးနေသည့် စစ်အုပ်စုများကျဆုံးသည် အထိ ကြိုးစား‌ဆောင်ရွက်သွားမည်ဟု Chindwin Galone Yarzar Guerilla Defense Force အဖွဲ့ တာဝန်ခံက ဖြည့်စွက်ပြောကြားသည်။

ဆားလင်းကြီးမြို့နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်အုပ်စုရှိရာ မြို့ပေါ်နေရာများကိုလည်း မကြာခဏ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။