Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်မှ ညောင်ဖြူပင်ရဲစခန်း သုံးကြိမ်မြောက်အတိုက်ခံရပြီး ထိခိုက်သေဆုံးမှုများဟု PDF များ​ပြော

ယခုစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ (မြေလတ် PDF -တောင်သာ၊ Seven People Defense Force ၊ Scorpions People Defense Force ) တို့က စစ်ကိုင်းတိုင်းတပ်ရင်း၁ မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(​ညောင်ဖြူပင် ရင်းကင်းစခန်းအနီး​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ညောင်ဖြူပင် ရင်းကင်းစခန်းအနီး​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် သုံးလအတွင်းလစဥ်တိုက်ခိုက်ခံနေရသည့် ညောင်ဖြူပင်ရဲစခန်း အောက်တိုဘာလအတွက် တို​က်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများကြောင်း Scorpions People Defence Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် နံနက် ၂နာရီခန့်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းအား မဟာမိတ်ပူးပေါင်းအဖွဲ့က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံများသေဆုံးထိခိုက်မှုများကြောင်း Scorpions People Defence Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အထိုင်စခန်းအား ခိုင်မာစွာဆောက်တည်ထားသောအနေထားဖြစ်ခြင်း ၊ မိုးသည်းထန်စွာ ရွာသွင်းလာခြင်းတို့ကြောင့် ၎င်းစခန်းအားမသိမ်းနိုင်ခဲ့သော်လည်း စစ်ကောင်စီအုပ်စုဝင် ၁၀ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိခဲ့သည်ဟု Scorpions People Defence Force အဖွဲ့ကဆိုသည်။

“စခန်းနဲ့တော့ အနီးကပ်ဆုံးနေရာကိုဝင်ယူတာ။ ဒါပေမဲ့​ွေးတွေက အထိုင်ချဘန်ကာတွေကောင်းတာရယ်၊ သူတို့အခိုင်အမာတည်ဆောက်ထားတာတွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျွန်တော်တို့ လက်နက်ကြီး ပစ်တာတွေ မကွဲတာတွေ စခန်းကိုမသိမ်းနိုင်တာပါဗျ။ စခန်းသိမ်းဖို့ထိ ရည်ရွယ်ထားတာပါ။”ဟု Scorpions People Defence Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံး ထိခိုက်မှုအ​ခြေအ​နေကို စစ်ကိုင်းတိုင်းမှ မဟာမိတ်များကအတည်ပြုထားခြင်းဖြစ်​ကြောင်းလည်း၎င်းကဆက်​ပြောသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ညောင်ဖြူပင်ရဲစခန်းမှ စျေးဝယ်ထွက်လာသည့်ရဲနှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့သေးသည်။

သြဂုတ်လ ၂၁ ရက်နေ့ကလည်း ညောင်ဖြူပင်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စခန်းမှူးသေဆုံးခဲ့သည်။

ယခုစစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ (မြေလတ် PDF -တောင်သာ၊ Seven People Defense Force ၊ Scorpions People Defense Force ) တို့က စစ်ကိုင်းတိုင်းတပ်ရင်း၁ မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Scorpions People Defence Force အဖွဲ့သည် အောက်တိုဘာလဆန်း၌ စစ်ဆင်ရေးနှစ်ခုပြုလုပ်ထားပြီးစစ်​ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက်နိုင်ရန် ပြည်သူများက ထောက်ပို့ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။