Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(နိုဝင်ဘာ ၁၉ ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဝါရှင်တန်ဒီစီမှာဖွင့်လှစ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာ မနေ့က ရုံးဖွင့်လှစ်ခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမြို့မှာ ဖွင့်လှစ်ထားရှိတဲ့ အဲဒီရုံးကို မြန်မာ Community နဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီရုံးဖွင့်ပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့လည်း တက်ရောက်ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုရှိ မြန်မာ Community နဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပါတယ်။

▪︎ကချင်မှာ စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု၊ စစ်ရေးလှုပ်ရှား၊ ထိုးစစ်ဆင်မှုများဆက်လုပ်နေဟု KIA ပြော

ကချင်ပြည်နယ် မိုးမောက်၊ ဗန်းမော်နဲ့ ဖားကန့်ဒေသတွေဟာ စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပြီး ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်ပြည်နယ်ဘက်မှာ စစ်ကောင်စီဘက်က တော်တော်လှုပ်ရှားတာကို တွေ့ရပြီး ပြည်သူလူထုတွေကို စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေတို့ ခပ်စိပ်စိပ်လုပ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ သူတို့ဖမ်းဆီးထားတဲ့ KIAအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ ခုမှ တပ်ဖွဲ့ဝင် ၄၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း၊ အမှုပိတ်သိမ်းပေးခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

▪︎စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ် သရက်​ချောင်းမှာ ပျက်ကျ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ကင်းထောက်လေယာဉ်တစ်စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ ဒေသခံတွေနဲ့ ​​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။ မြိတ်မြို့မှ ထားဝယ်မြို့ဘက်ရှိ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ စခန်းတေကို ကင်းထောက်ဖို့ လေယာဉ်ငယ် ငါးစီးပျံသန်းလာပြီး ဒီနေ့ မနက်ပိုင်းက သရက်ချောင်းမြို့နယ်၊ ကျွဲစပ်ရွာအနီး လယ်ကွင်းထဲသို့ ကင်း​ထောက်လေယာဉ်တစ်စီးပျက်ကျခဲ့တာလို့ မျက်မြင်​တွေ့ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် စစ်ကောင်စီတပ်သားများ ကျွဲစပ်ရွာထဲကိုရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ PDF တွေကို တိုက်ခိုက်ဖို့ တနင်္သာရီတိုင်းမှာ ပထမဦးဆုံးအကြိမ် လေကြောင်းသုံးခဲ့တာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

(ပျက်ကျခဲ့​သော စစ်​ကောင်စီတပ်၏ ကင်း​ထောက်​လေယာဥ်။ ။ဓါတ်ပုံ-DWC)
(ပျက်ကျခဲ့​သော စစ်​ကောင်စီတပ်၏ ကင်း​ထောက်​လေယာဥ်။ ။ဓါတ်ပုံ-DWC)

▪︎ဒီးမော့ဆိုရှိ တပ်စခန်းကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဆင်မတောင်ကျေးရွာရှိ တပ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၇ က ထုတ်ပြန်ပါတယ်။ KNDF တပ်ရင်း (၁ ၊ ၇)နဲ့ (၉)တို့ပူးပေါင်းပြီး စနိုက်ပါနဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို နိုဝင်ဘာ ၁၇ ရက် က ရှင်းလင်းခဲ့တာလို့ သိရပါတယ်။ အဲဒီနောက်အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းတပ်ဖွဲ့မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

▪︎စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးလို့ တောင်ရင်းရွာ သုံးပုံနှစ်ပုံပြာကျ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာကို စစ်ကောင်စီတ​ပ်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေထောင်ချီရှိသည့်အနက် သုံးပုံနှစ်ပုံ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

(တောင်ရင်းရွာအား မီးရှိုနေစဥ်၊ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-Cj)
(တောင်ရင်းရွာအား မီးရှိုနေစဥ်၊ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-Cj)

မနေ့က စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ် တောင်ရင်းရွာကို မီးရှို့ဖျတ်ဆီးခဲ့ရာ အိမ်ခြေထောင်ချီရှိသည့်အနက် သုံးပုံနှစ်ပုံ ရာဂဏန်းခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျောင်းဖြူရွာမှ စစ်ဘေးရှောင် သုံးလအရွယ်ကလေးငယ်တစ်ဦး အအေးမိသေဆုံးခဲ့တယ်လို့ စစ်ရှောင် ကျန်းမာရေးထောက်ပံ့နေတဲ့ အဖွဲ့တစ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဟာ ပဒူတိုက်နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးနေလို့ ကျေးရွာ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရပြီး နှမ်းရိတ်သိမ်းချိန်မှာ နှမ်းမရိတ်သိမ်းရသေးလို့ သီးနှံဆုံးရှုံးမှုများပါ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်

(တောင်ရင်းရွာအား မီးရှိုနေစဥ်၊ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-Cj)
(တောင်ရင်းရွာအား မီးရှိုနေစဥ်၊ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-Cj)

▪︎အင်းတော်မြို့တိုက်ပွဲ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၂၀ ဦးထက်မနည်းသေဟု IR ပြော

စစ်ကိုင်းတိုင်း အင်းတော်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးတယ်လို့ Indaw Revolution(IR)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ မနက်ပိုင်းကစလို့ အင်းတော်မြို့ရဲ့ မြောက်ဘက်ခြမ်းမှာ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်တယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက်တပ် ဖြစ်ပြီး သူ့အလောင်းကို မနေ့ညနေပိုင်းက လေယာဥ်နဲ့ မြစ်ကြီးနားကို သယ်သွားခဲ့တယ်လို့ IR တာဝန်ရှိသူက ပြောပါတယ်။ အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မနော်(KIA)ပူးပေါင်းအဖွဲ့က ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း KIA ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

▪︎မြင်းမူမြို့ရှောင်လမ်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ် မြင်းမူမြို့ရှောင်လမ်းမှာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ နေ့ခင်းမှာ စစ်ကိုင်းတပ်မ(၃၃)မှ မုံရွာမြို့သို့သွားတဲ့ စစ်ကောင်စီယာဥ် (၂၂)စီးကို မြင်းမူမြို့အဝင် မြို့ရှောင်လမ်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ အဲဒီ ယာဥ်တန်းရဲ့ (၈)စီးမြောက်နဲ့ (၁၄)စီးမြောက် ကားနှစ်စီးကို မိုင်း(၂)လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုကို စုံစမ်းနေတယ်လို့ PAFD အဖွဲ့က ဆိုပါတယ်။

▪︎ရွှေဘိုနယ် ကော့ရွာရှိ စစ်ကောင်စီတပ်ကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်အုပ်စုနဲ့ ပျူစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ထွက်လာတဲ့ စစ်ကောင်စီတပ်သားကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နေလစင်္ကြာ-Shwebo PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူများ စခန်းအနီးထောင်ထားတဲ့ တိုက်မိုင်းသုံးလုံးကို ဖောက်ခွဲခဲ့တယ်လို့ နေလစင်္ကြာ-Shwebo PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် စခန်းအတွင်းရှိ စစ်အုပ်စုက ဆက်တိုက်ပစ်ခတ်ပြီး ရှေ့တက်လာခဲ့ရာ မိုင်းကွင်းအတွင်း ရောက်လာလို့ အဝေးထိန်းမိုင်းသုံးလုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်နဲ့ ပျူ သုံးဦး သေဆုံးပြီး ကျန် ၁၀ဦးခန့်မှာ အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

▪︎KIA နဲ့ ဆက်စပ်လို့ဆိုပြီး ဖားကန့်ဒေသခံငါးဦးကို စစ်ကောင်စီဖမ်းဆီး

မြစ်ကြီးနားမြို့မှာ စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့ဝင်အချို့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖားကန့်မြို့မှ ဒေသခံငါးဦးကို ထပ်မံဖမ်းသွားတယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြစ်ကြီးနားမှာ ဖမ်းမိသူများအနက် ဖားကန့်မှ တစ်ဦးပါဝင်ပြီး ဒေသခံ ၅ ဦးကို ထပ်ဖမ်းသွားတာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ KIA တပ်ရင်းအချို့မှ အရာရှိအချို့အပါအဝင် ၁၃ဦးထက်မနည်းကို မြစ်ကြီးနားမြို့ရှိ KTV တစ်ခုမှာ နိုဝင်ဘာလ ၁၁ ရက်က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးထားသူများကို စစ်ကြောရေးဝင်နေပြီး နောက်ထပ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေတယ်လို့ ကချင်တိုင်းရင်းသားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

▪︎ဖားကန့်KTV မှာသီချင်းဆို​နေတဲ့စစ်သား​တွေတိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါအဝင် ၅ဦး​သေ ၊၃ ဦးဒဏ်ရာရ

ဖားကန့်​ဒေသ၊ မှော်ဆီဇာကျေးရွာမှာရှိတဲ့ Sky KTVမှာဒီနေ့နံနက်၇ နာရီ​ကျော်ကအရပ်ဝတ်နဲ့သီချင်းဆိုနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာမှာဗိုလ်ကြီးနှစ်ဦးအပါအဝင် ငါးဦး ပွဲချင်းပြီးသေဆုံးပြီး​တော့ သုံးဦးဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်လို့​ဒေသခံအချို့ဆီကသိရပါတယ်။”KTV အခန်းထဲကို လက်ပစ်ဗုံးပစ်သွင်းပြီး တိုက်တာ။ ပြီးတော့ ဝင်ပစ်တာ။အခန်းထဲမှာ ရှစ်ယောက်ရှိတယ်။ ဗိုလ်ကြီးနှစ်ယောက်နဲ့ တပ်သားသုံးယောက်သေတယ်။ သုံးယောက်က အရေးပေါ်ရောက်သွားပြီ” လို့ ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ​တွေနဲ့နီးစပ်သူတစ်ဦးက People’s Spring ကိုပြောပါတယ်။ ဒဏ်ရာရသူ ၃ ဦးထဲက ၂ ​ယောက်​ထပ်မံသေဆုံးတယ်လို့လည်းသတင်းထွက်​နေ​ပေမယ့် People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါဘူး။

(ဖားကန့်ရှိ SKY KTV ကိုတွေ့ရစဥ်)
(ဖားကန့်ရှိ SKY KTV ကိုတွေ့ရစဥ်)

ဆက်စပ်သတင်းများ