Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပျုစောထီးအဖွဲ့ဝင် သတင်းပေးဆိုသူ ပစ်သတ်ခံရ

မနက်ပိုင်း ၇ နာရီဝန်းကျင် နေအိမ်ရှေ့က ရှမ်းခေါက်ဆွဲ ဆိုင်မှာ မနက်စာ စားနေချိန် သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခံလိုက်ရတာပါ။

မန္တလေးမှာ ပျုစောထီးအဖွဲ့ဝင် သတင်းပေးဆိုသူ ပစ်သတ်ခံရ
မန္တလေးမှာ ပျုစောထီးအဖွဲ့ဝင် သတင်းပေးဆိုသူ ပစ်သတ်ခံရ

မန္တလေး ၊ မဟာအောင်မြေမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်း စစ်အုပ်စု ရဲ့သတင်းပေးဆိုသူ အသက် ၂၇ နှစ်အရွယ်အမျိုးသား ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။

မနက်ပိုင်း ၇ နာရီဝန်းကျင် နေအိမ်ရှေ့က ရှမ်းခေါက်ဆွဲ ဆိုင်မှာ မနက်စာ စားနေချိန် သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခံလိုက်ရတာပါ။

Public Service Announcement
Public Service Announcement

ပစ်ခတ်ခံရသူဟာ ကိုကျော်ဇင်ထက်ဆိုတဲ့အမျိုးသားဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပျုစောထီး အဖွဲ့ဝင်ဖြစ်တယ်လို့ ပစ်ခတ်မှုကိုလုပ်ဆောင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျား STF – MDY ကထုတ်ပြန်ထားပါတယ်။

သေဆုံးသူထံကနေ ငွေကျပ် ၄ သိန်း၊ လက်ထိပ် ၂ ခု ၊ ဖုန်း ၂ လုံး၊ လျှောတုတ် ၊ ခလုတ်ဓား တို့ကိုသိမ်းဆည်းရမိတယ်လို့လည်း ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့မန္တလေးမှာအခုရက်ပိုင်းအတွင်းလမ်းသွားလမ်းလာခရီးသွားတွေကိုအသက်အန္တရာ​​ယ်ပြုပြီးလုယက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့မှာ ခရီးသည်က အိုးဝေသမားကို တိုက်ခိုက်ပြီး ယာဥ်လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတံတား(ရတနာပုံတံတား)က စစ်တပ်ရဲ့ နှာပေါက်စစ်ဆေးရေးဂိတ်ဟာ ပိတ်သိမ်းလိုက်တာမဟုတ်ဘဲ နေရာရွှေ့ပြောင်းသွားခြင်းသာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ လူနာစောင့် အမျိုးသား ၁ဦး ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။