Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနှင့် ရွှေဘိုနယ်စပ်ရှိ ရွာများကို စစ်ကောင်စီတပ်က သုံးရက်အတွင်း နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီး၊ ဒေသခံပြည်သူ ငါးဦးသတ်ဖြတ်ခံရ

ဒေသတွင်း PDFများနှင့်လည်း တိုက်ပွဲဖြစ်ပွားနေပြီး ဒဏ်ရာရရှိသူများအား ထမ်းစင် နှစ်ခု၊ ခေါင်းပတ်တီးစီးဖြင့် နှစ်ဦးပါလာကာ အင်အား(၆၀)ကျော်ခန့်သာ မြင်တွေ့ရကြောင်း၊ ၁၀ဦးခန့် အင်အား​လျော့ကျသွားကြောင်း KUDF Information Team က ပြောသည်။

(ယမန်နေ့က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသော မဒေါင်းကြီး၊ရွှေကာ ကျေးရွာများရှိ နေအိမ်များ၊ဓာတ်ပုံ - KUDF Information Team)
(ယမန်နေ့က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသော မဒေါင်းကြီး၊ရွှေကာ ကျေးရွာများရှိ နေအိမ်များ၊ဓာတ်ပုံ - KUDF Information Team)

စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် ရွှေဘိုမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က သုံးရက်အတွင်း နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူ ငါးဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၀ ရက်)က ခင်ဦးမြို့နယ်သို့ မဒေါင်းလှကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် တန့်ဆည်မြို့နယ်မှဝင်ရောက်လာသော အင်အား ၁၀၀ကျော်ဖြင့် မဒေါင်းကြီးနှင့် ရွှေကာ ကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။

(ယမန်နေ့က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသော မဒေါင်းကြီး၊ရွှေကာ ကျေးရွာများရှိ နေအိမ်များ၊ဓာတ်ပုံ - KUDF Information Team)
(ယမန်နေ့က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသော မဒေါင်းကြီး၊ရွှေကာ ကျေးရွာများရှိ နေအိမ်များ၊ဓာတ်ပုံ – KUDF Information Team)

မဒေါင်းကြီးရွမှာ နေအိမ် ၁၀၀ ကျော်နှင့် ရွှေကာကျေးရွာမှ ၁၁၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း KUDF Information Team က ပြောသည်။

ယမန်နေ့ကပင် စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ်ရှိ မြောက်ခြမ်း လိပ်ရကုန်းကျေးရွာရှိ‌ နေအိမ် ၂၀ကျော်နှင့် လက်ပံကြီးရွာမှ နေအိမ် ၁၀၀ကျော်တို့အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လိပ်ရကုန်းကျေးရွာ ဒေသခံ ပြည်သူ လေးဦးသေဆုံးခဲ့ကြောင်း KUDF Information Teamက ပြောသည်။

(ယမန်နေ့က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသော မဒေါင်းကြီး၊ရွှေကာ ကျေးရွာများရှိ နေအိမ်များ၊ဓာတ်ပုံ - KUDF Information Team)
(ယမန်နေ့က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသော မဒေါင်းကြီး၊ရွှေကာ ကျေးရွာများရှိ နေအိမ်များ၊ဓာတ်ပုံ – KUDF Information Team)

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များကလည်း ခင်ဦးမြို့ပေါင်းလဲကုန်းရွာရှိ အိမ်ခြေခန့်မှန်း၂၀၀ခန့်အား နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်ကာ ကျေးရွာများအား မီးရှို့ဖျက်​ဆီးမှုများပြုလုပ်နေသည်။

ဒေသတွင်း PDFများနှင့်လည်း တိုက်ပွဲဖြစ်ပွားနေပြီး ဒဏ်ရာရရှိသူများအား ထမ်းစင် နှစ်ခု၊ ခေါင်းပတ်တီးစီးဖြင့် နှစ်ဦးပါလာကာ အင်အား(၆၀)ကျော်ခန့်သာ မြင်တွေ့ရကြောင်း၊ ၁၀ဦးခန့် အင်အား​လျော့ကျသွားကြောင်း KUDF Information Team က ပြောသည်။

(ယမန်နေ့က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသော မဒေါင်းကြီး၊ရွှေကာ ကျေးရွာများရှိ နေအိမ်များ၊ဓာတ်ပုံ - KUDF Information Team)
(ယမန်နေ့က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးသွားသော မဒေါင်းကြီး၊ရွှေကာ ကျေးရွာများရှိ နေအိမ်များ၊ဓာတ်ပုံ – KUDF Information Team)

အာဏာသိမ်းပြီးနောက်ပိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာပေါင်း ၄၇ရွာရှိ နေအိမ်ပေါင်း၂,၃၀၀ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။

စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ ၁၅ ရက်ကတည်းက ရေဦးမြို့မှ အင်အား ၁၀၀ခန့်ဖြင့် ခင်ဦးအနောက်တောင်ခြမ်း ကျေးရွာများအား တောက်လျှောက်စစ်ကြောင်းထိုးခဲ့သည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲထိုးပြီး ခင်ဦးအပြင် ရွှေဘိုမြို့ နယ်ရှိ ကျေးရွာများပါ ဆက်တိုက်မီးရှို့ဖျက်ဆီးနေသည်။ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ရှစ်ရွာခန့်နှင့် ရွှေဘိုမြို့နယ်ရှိ ကျေးရွာ လေးရွာခန့် လူဦးရေ ၂၀၀၀၀(နှစ်သောင်း)ကျော် ဘေးလွတ်ရာ စစ်ဘေးရှောင်နေရပြီး အနွေးထည်၊စောင်နှင့် စားနပ်ရိက္ခာများလိုအပ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။