Connect with us

Hi, what are you looking for?

သတင်း

ကသာတွင် စစ်ကောင်စီတပ်ကို KIA/PDF မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိ

ထိုသို့မိုင်းဆွဲတိုက်ခိုက်အပြီးတွင် ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်များ ထိခိုက်မှုရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

(ကသာ(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)
(ကသာ(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ယနေ့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၀ရက်က ကသာမြို့နယ် ချောင်း၀ ဒေသမှ ထွက်လာသည့် စစ်ကောင်စီတပ် သည် မိုးတားကျေးရွာသို့ ရောက်ရှိလဲပီး ယနေ့ နိုဝင်ဘာ ၂၂ရက် နံနက်တွင် မိုးတားကျေးရွာမှ ထွက်ခွာလာရာ နံနက် ၆နာရီခန့်၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိုးတားတိုက်နယ် ပကဖ တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်အပြီးတွင် ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်များ ထိခိုက်မှုရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

“ဒီနေ့မနက် ဖုန်းဆက်ခဲ့တော့ တအုန်းအုန်းနဲ့ကြားနေရတယ်။ဖြစ်နေတယ်ဆိုတာလောက်ပဲသိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ကသာ ချောင်း၀ ဒေသ၊ မိုးညှင်းရှိ KIA တပ်မဟာ (၈)နယ်မြေ၊ ဗန်းမောက် မြို့နယ် တို့တွင် လေကြောင်းမှ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် လူထိခိုက်သေဆုံး မရှိဟုကြားသိရကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook