Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၆)ရက်ကလည်း တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူဒေသအတွင်းရှိ သတ္တုမိုင်းတွင်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိုင်းတွင်းရှိ အလုပ်သမားသုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ
ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ

KNU တပ်မဟာ(၆)နယ်မြေတွင် စခန်းများတိုက်ခိုက်သိမ်းပိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ညပိုင်းတွင် ဘုရားသုံးဆူဒေသအတွင်းရှိ မိုင်းတွင်းများအား လေယာဉ်ဖြင့် ထပ်မံလာရောက်ဗုံးကြဲခဲ့သည်ဟု ကေအဲန်ယူထံမှ သိရှိရသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တောင်ကလေးရဲစခန်းကို ယမန်နေ့ နိုဝင်ဘာလ(၂၂)ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်တုံ့ပြန်သည့်အနေဖြင့် လေယာဉ်နှင့် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်။

ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ
ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ

တဆက်တည်းယမန်နေ့ နိုဝင်ဘာလ(၂၁)ရက် ည(၁၂)နာရီအချိန်အတွင် ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းရှိ သတ္တုတွင်းဖြစ်တဲ့ အမှတ် (၁) မိုင်းတွင်းနှင့် အမှတ်(၂)မိုင်းတွင်းတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၆)ရက်ကလည်း တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူဒေသအတွင်းရှိ သတ္တုမိုင်းတွင်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိုင်းတွင်းရှိ အလုပ်သမားသုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ
ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ

ထို့အပြင် တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကေအဲန်ယူ-ကျုံဒိုးမြို့နယ် တောင်ကြာအင်း လောင်းကိုင်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ကာ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာလ(၂၂)ရက် နံနက်ပိုင်းတွင်လည်း တောင်ကြာအင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့သောကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။