Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်း ယနေ့ညကစ၍ ဖြတ်သန်းခွင့်ယာယီပိတ်

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာပါကဖြတ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်ဘဲ ထိခိုက်မှုတစုံတရာဖြစ်လာပါက တာဝန်ယူပေးမည်မဟုတ်ကြောင်း PDF – South Monywaက အဖွဲ့က ပြောသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၊ ဓာတ်ပုံ-Daung Karyan
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၊ ဓာတ်ပုံ-Daung Karyan

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာ-ချောင်းဦးလမ်းပိုင်းအား ယနေ့ည၈နာရီမှစတင်၍ ဖြတ်သန်းခွင့် ယာယီပိတ်ထားလိုက်ကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF – South Monywaက သတိပေးကြေညာသည်။

မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ် များနှင့် ပျူစောထီးများခြေရှုပ်နေပြီး PDF – South Monywa အပါအဝင် အခြားနယ်မြေခံ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ရင်ဆိုင်မှု ပြင်းထန်နေကာ ထိပ်တိုက်တွေ့ ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ထို့ကြောင့် မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်းအားယနေ့(နိုဝင်ဘာ၂၃ ရက်) ည ၈နာရီမှစ၍ အသုံးမပြုရန် တားမြစ်လိုက်ကြောင်း PDF – South Monywaက ပြောသည်။

Public Service Announcement
Public Service Announcement

“နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေခြင်းကြောင့် ပြည်သူတွေမထိခိုက်ရလေအောင် ယနေ့ညကစပြီး မည်သည့်ယာဥ်မဆို ဖြတ်သန်းသွားလာခွင့်ပြုမှာမဟုတ်ပါဘူး။ ဖြတ်သန်းသွားလာတဲ့ မည်သည့်ယာဥ်ကိုမဆို စခယာဥ် အကူလာတဲ့ယာဥ် စခ များနဲ့ ပတ်သတ်တဲ့ယာဥ်လို့ သတ်မှတ်ပြီး ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ သတိပေးလိုပါတယ် “ဟု PDF – South Monywaတာဝန်ခံ Daung Karyan က ပြောသည်။

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာပါကဖြတ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်ဘဲ ထိခိုက်မှုတစုံတရာဖြစ်လာပါက တာဝန်ယူပေးမည်မဟုတ်ကြောင်း PDF – South Monywaက အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားသည့်အခြေအနေကိုမူ PDFအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။